စစ်ကိုင်းမြို့ အနောက်ဘက်ခြမ်းရွာတွေကို စစ်ကြောင်းထိုးနေပြီး မန္တလေးမြို့အဝင် စစ်ကိုင်းမြို့အထွက် ဂိတ်ကိုစစ်ကောင်စီကပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ၁၅ရက်ကစတင်ပြီးစစ်ကိုင်းမြို့အနောက်ဘက်ခြမ်းသလွန်ဖြူရွာအပါအဝင်ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာပါ။သလွန်ဖြူရွာနားမှာရွာကိုအလည်ပြန်လာတဲ့တံတားဦးလေတပ်ကဒုရဲအုပ်လင်မယားသတ်ဖြတ်ခံရပြီးနောက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာပါ။
တဖက်မှာလည်းစစ်ကိုင်း မြို့အဝင်အထွက်ကို အရင်ကထက် တင်းကြပ်ထားတယ်။စစ်ကိုင်းမြို့အထွက် မန္တလေးအဝင်နှာပေါက်ဂိတ်မှာဆိုင်ကယ်၊ကားတွေကိုရှာဖွေစစ်ဆေးတာ၊သွားမယ့်ခရီးစဉ်လမ်းကြောင်းမေးမြန်းတာ၊ ဖုန်းစစ်ဆေးတာတွေပြုလုပ်နေတာတွေရှိနေတယ်။စစ်ကိုင်းမြို့ရဲ့ ပတ်ပတ်လည်မှာ တိုက်ပွဲတွေဖြစ်နေတော့ မြို့ပေါ်ကို မကူးအောင်ကာနေတဲ့သဘောပဲ။မနေ့ ကလည်း စစ်ကိုင်းမြို့ပေါ်မှာ နေ့ခင်းဘက်မထွက်ရဆိုတဲ့ ကောလဟလသတင်းကြောင့် ဈေးဆိုင်စောပိတ်တာ ၊ကျောင်းတွေမှာ ကလေးငယ်တွေကို မိဘတွေက သွားခေါ်တာတွေရှိခဲ့ပြီး မြို့ထဲမှာ လူသွားလူလာကြဲသွားခဲ့ပါတယ်။
စစ်ကိုင်းမြို့ဟာစစ်ကိုင်းတိုင်းမှာနောက်ဆုံးမှာတိုက်ပွဲတွေဖြစ်ပွားလာတဲ့မြို့ဖြစ်ပြီးမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးမြို့နဲ့ဧရာဝတီမြစ်သာခြားတာကြောင့်စစ်ကိုင်းမြို့နားကိုတော်လှန်ရေးအဖွဲ့တွေမကြီးစိုးနိုင်အောင်စစ်ကောင်စီကအသည်းအသန်ကြိုးစားနေတာပါ။