ရန်ကုန်တိုင်းအတွင်းရှိ စတိုးဆိုင်၊ စားသောက်ဆိုင်နှင့် စျေးဝယ်စင်တာများမှာ စစ်တပ်ထုတ် မြန်မာဘီယာ နှင့် စစ်တပ်ထုတ် ထုတ်ကုန်များ တင်ရောင်းချရန် စစ်ကောင်စီနှင့်စည်ပင်က ဆိုင်ပိုင်ရှင်များနှင့် စီးပွားရေးသမားများကို ဖိအား ပေး ခြိမ်းခြောက်နေတယ်။ စစ်တပ်နှင့်စည်ပင်က ရန်ကုန်မြို့လယ်ခေါင် တရုတ်တန်း ၁၉ လမ်းအတွင်းရှိ စားသောက်ဆိုင်များ၊ ဘီယာဆိုင်များကို စစ်တပ်ထုတ်ကုန် မြန်မာဘီယာများ တင်ရောင်းရန် ဖိအားပေးပြီး မရောင်းချလျှင် ဆိုင်လိုင် စင်များ ပိတ်သိမ်းမည်ဟု စစ်တပ်နှင့် စည်ပင်က ခြိမ်းခြောက်ထားတယ်။နွေဦးတော်လှန်ရေးအတွက် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရေး လှုပ်ရှား မှုများ အရှိန်တက်လာချိန်တွင် စစ်ကောင်စီကလည်း တန်ပြန် အနေဖြင့် စက်တင်ဘာလဆန်းပိုင်း ကတည်းစစ်တပ်ထုတ်ကုန်ပစ္စည်းများကိုဆိုင်များတွင်တင်၍ရောင်းချခြင်းရှိ၊မရှိစစ်ဆေးမည်ဟုပြောပြီးနောက်ဒီရက်ပိုင်းမှာစစ်ဆေးမှုများ လုပ်ဆောင်လာတယ်။ ဒါ့ကြောင့်စျေးဆိုင်များနှင့် ကုန်တိုက်များ၊ မီနီမတ်များတွင် စစ်တပ် ထုတ်ကုန် မြန်မာဘီယာကို အပြသဘောမျိုးဖြင့် ဝယ်ယူ၍ တင်ထားကြရတယ်။သူတို့ဘယ်လိုပဲဖိအားပေးပေး ပြည်သူများက စစ်တပ်ထုတ်ကုန်များကို မဝယ်ယူရေးသာ အဓိကပဲ။ ပြည်သူ မဝယ်လျှင် စစ်တပ်ထုတ်ကုန်များ အကြီးအကျယ် ဆက်လက် ရှုံးနိမ့်နေမည်သာဖြစ်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


