အခြေခံစားကုန်တွေအတွက်ပြည်သူတွေတန်းစီဝယ်ယူနေရတဲ့ဒုက္ခကကြီးမားလွန်းလှပါတယ်။စားသုံးဆီငါးဆယ်သား၊ဆန်တပြည်လောက်ရဖို့အရေးမနက်အစောကြီးထပြီးအလုပ်ပျက်ခံတန်းစီနေကြရရှာတယ်။စားအုန်းဆီလုပ်ငန်ရှင်တစ်ဦးကတော့ပြည်တွင်း၌ တင်သွင်းထားသော စားအုန်းဆီလက်ကျန် ဆီပေပါ ၁၅,၀၀၀ကျော်သာကျန်တော့ပြီးထိုဆီကုန်လျှင် စစ်ကောင်စီမည်သို့လုပ်မည်မသိရသေးဟုပြောတယ်။
စစ်ကောင်စီကဈေးကွက်ထဲတွင်စားအုန်းဆီရောင်းချခြင်းကို တားမြစ်ထားပြီး စာအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၄၅၀၀ဖြင့်ဆီကုန်သည်များကိုရောင်းချပေးရန်ခြိမ်းခြောက်ညွှန်ကြားထားတယ်။ဒါ့အပြင်ဆီအသင်းဥက္ကဌ အပါအဝင်လုပ်ငန်းရှင်များကို စားအုန်းဆီဈေးတက်၍ဟုဆိုကာ ဖမ်းဆီးထားတယ်။ထိုကြောင့် စာအုန်းဆီကို ဈေးဆိုင်များက မရောင်းရဲတော့ဘဲ စစ်ကောင်စီက တစ်ပိသာလျှင် ၄၅၀၀ ကျပ်ဖြင့်ရောင်းရမည်ဆိုကာ ခွဲတမ်းဖြင့်ဆီပေးသောဆိုင်များတွင်သာခွဲတမ်းကိုတန်းစီစနစ်ဖြင့်ရောင်းချပေးနေခြင်းဖြစ်တယ်။
အမေရီကန်နှင့် နိုင်ငံတကာ မှ အရေးယူပိတ်ဆို့မှုများကြောင့် စစ်ကောင်စီတွင် ဒေါ်လာနည်းပါးနေပြီး စစ်ကောင်စီက ဒေါ်လာကို လက်နက်ခဲယမ်းနှင့် လေယာဥ်ဆီဝယ်ယူမှုများတွင် အဓိက အသုံးပြုလိုသောကြောင့် စားအုန်းဆီတင်သွင်းခြင်းကဲ့သို့ အများပြည်သူနှင့်သက်ဆိုင်သောကဏ္ဍများအတွက်စစ်အုပ်စုက ဒေါ်လာ အသုံးမပြုလိုသဖြင့် သွင်းကုန်အများစု ပြည်ပမှ တင်သွင်းရသောနိုင်ငံအတွက် ကြီးမားသောစီးပွားရေးအကြပ်အတည်းကြုံနေရခြင်းဖြစ်တယ်။