မနေ့ကထုတ်ပြန်ခဲ့တဲ့NUGရဲ့အစီရင်ခံစာထဲမှာဒီနှစ်နှစ်အတွင်းသိသာတဲ့တိုးတက်မှုတွေရှိလာခဲ့တာတော့ငြင်းမရပါဘူး။ဒါပေမယ့်ဒီခရီးဟာအရှည်ကြီးကျန်သေးတယ်။လက်ရှိအချိန်မှာစစ်ကောင်စီနဲ့သူ့ရဲ့စစ်တပ်ကိုဖိအားပေးထားနိုင်ပေမယ့်အမြစ်ဖြတ်သုတ်သင်နိုင်တဲ့အခြေအနေတော့မရှိသေးဘူး။ထိုအခြေနေမျိုးရရှိဖို့ကလဲNUGကတစိုက်မတ်မတ်ပြောနေတဲ့တစ်ခုတည်းသောအမိန့်ပေးမှုစနစ်COCဟာစစ်ရေးမှာမရှိမဖြစ်လိုအပ်နေတယ်။အဲ့ဒီအတွက်ကိုလဲတော်လှန်ရေးအင်အားစုတွေကြိုးစားနေကြတယ်။ စစ်ရေးပိုင်းမှာရှေ့ရောက်နေပေမယ့်နိုင်ငံရေးပိုင်းမှာတော့တိကျတဲ့ရည်မှန်းချက်ဒါမှမဟုတ်သဘောတူညီချက်တစ်ခုအခုထိမရှိသေးပါဘူး။ဒါဟာလဲအားနည်းချက်တစ်ဖြစ်တယ်။နိုင်ငံရေးရည်မှန်းချက်မရှိပဲနိုင်ငံတကာအကူအညီဆိုတာမရနိုင်ပါဘူး။ဒီအချက်ဟာနှစ်နှစ်ကျော်လာပီဖြစ်တဲ့တော်လှန်ရေးမှာအဓိကလိုအပ်ချက်အဖြစ်ရှိနေတယ်။ဒီအချက်ကိုမကျော်လွားနိုင်ရင်တော့တော်လှန်ရေးသက်ဆိုးရှည်ကြပေလိမ့်ဦးမယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


