ကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာစစ်ကောင်စီကိုအရှိုက်ထိစေမယ့်ဆုံးဖြတ်ချက်တစ်ခုကိုတော့ချမှတ်နိုင်ခဲ့တယ်။အဲ့ဒါကတော့၂၀၂၆မှာအလှည့်ကျဥက္ကဌနေရာရမယ့်မြန်မာကိုနေရာမပေးပဲဖိလစ်ပိုင်နိုင်ငံကိုလွဲပြောင်းပေးလိုက်တာပဲ။ဒီဆုံးဖြတ်ချက်ကိုစစ်ကောင်စီကိုတောင်မတိုင်ပင်ပဲအာဆီယံအဖွဲ့အဝင်နိုင်ငံတွေချမှတ်ခဲ့ကြတယ်။စစ်ကောင်စီအတွက်အလွန်ရှက်စရာကောင်းတယ်။စစ်ခေါင်းဆောင်တွေဟာလုံးဝလူရာမဝင်တော့ပါဘူး။
ဒီလိုဖြစ်ရပ်မျိုးအရင်စစ်အစိုးရခေတ်ကကြုံဖူးသေးတယ်။ဦးသန်းရွှေလက်ထက်မြန်မာနိုင်ငံကအာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူရတော့မယ့်အချိန်မှာအမေရိကန်နဲ့အီးယူကအပြင်းအထန်ကန့်ကွက်လို့စွန့်လွတ်ခဲ့ရဘူးတယ်။အခုအခြေအနေကတော့အဲ့ဒီတုန်းကထပ်ပိုဆိုးတယ်။စစ်ခေါင်းဆောင်တွေဟာနိင်ငံရေးထွက်ပေါက်ပိတ်နေပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


