မနေ့ကမြဝတီမြို့မရဲ့စခန်းဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကိုKNUကသူတို့ပြုလုပ်ခဲ့တာလို့ထုတ်ပြန်လိုက်တယ်။စစ်ရေးပစ်မှတ်တွေကိုသာအဓိကထားတိုက်ခိုက်နေတာမို့မဆိုင်တဲ့တခြားဝန်ထမ်းတွေစစ်ကောင်စီတပ်တွေနဲ့ဝေးဝေးနေဖို့ပါသတိပေးလိုက်တယ်။ထိုသတိပေးချက်ကြောင့်မြဝတီမြို့ကစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေလက်လှမ်းမှီရာကိုအရေးပေါ်ရွေ့ပြောင်းနေကြပြီ။နေပြည်တော်စစ်ကောင်စီသတင်းရပ်ကွက်မှာလဲဒရုန်းတိုက်ခိုက်မှုတွေသူတို့ဆီရောက်လာတော့မယ်ဆိုပြီးထိပ်လန့်နေကြပြီ။ဒရုန်းကာကွယ်လက်နက်တွေအများအပြားထပ်မံတင်သွင်းဖို့လုပ်နေကြပြီ။အရင်ကလဲဒရုန်းကာကွယ်လက်နက်တွေအများအပြားတင်သွင်းခဲ့ပေမယ့်စစ်တပ်ကိုတောင်လုံလောက်အောင်မဖြန့်ကျက်နိုင်ခဲ့ဘူး။ဒရုန်းတိုက်ခိုက်မှုတွေကတနိုင်ငံလုံးမှာဖြစ်နေတာလေ။အခုဌာနဆိုင်ရာရုံးတွေကိုပါကာကွယ်ပေးရမယ်ဆိုရင်တော့စစ်ကောင်စီအတွက်အတောင်ခေါင်းကိုက်စရာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


