ကရင်နီပြည်နယ်မှာတော်လှန်ရေးအဖွဲ့တွေကစစ်တပ်ရဲ့ထောက်ပို့လမ်းကြောင်းတွေကိုဖြတ်တောက်ထားနိုင်လို့စစ်ကောင်စီတပ် ရှေ့တန်းစခန်းများရိက္ခာပြတ်တောက်နေတယ်လို့သိရတယ်။ဒါကြောင့်မနေ့ကစပြီး စစ်ကောင်စီ၏ထောက်ပို့ယာဉ်၈၅စီးခန့်လွိုင်ကော်မှတဆင့်ဒီးမော့ဆိုမြို့နယ်သို့အင်အားအလုံးအရင်ဖြင့်ဝင်ရောက်လာတယ်။အရင်ကဒီလိုစစ်ယာဉ်တန်းအလုံးအရင်းနဲ့ထောက်ပို့လုပ်တာမျိုးကချင်၊ချင်းနဲ့စစ်ကိုင်းမှာတွေ့ရပေမယ့်ကရင်နီပြည်နယ်မှာတော့ဒါပထမဆုံးပဲ။ပြည်နယ်သေးသေးလေးကိုဒီလိုစစ်ယာဉ်တန်းတွေနဲ့အင်အားဖြည်းတာမျိုးကတော့တားဆီးဖို့ခက်ခဲလိမ့်မယ်။
ကရင်နီပြည်နယ်မှာ ၂၀၂၂ ခုနှစ် ၁၂ လပိုင်းလောက်ကတည်းက လွိုင်ကော်ရဲ့အဝေးကမြို့ပြတွေဆီကို ရိက္ခာမပို့နိုင်တာ ဒီနေ့ ဒီအချိန်ထိဖြစ်တယ်။စစ်တပ်ကအလှမ်းဝေးတဲ့သူတို့တပ်စခန်းတွေကိုရိက္ခာပို့နိုင်ဖို့ မနည်းကြိုးစားနေရတယ်။ဒါဟာစစ်ရေးမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီအကောင်းဆုံး ဖြတ်တိုက်နေတယ်။ရင်ဆိုင်ခုခံနိုင်တယ်ဆိုတာပြနေတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဖက်ကခုခံစစ်ကနေတဆင့် တန်ပြန်ထိုးစစ်တွေ လုပ်နိုင်ဖို့ အဓိက စိန်ခေါ်ချက်က ကျည်တွေလိုအပ်နေတာပဲ။ကျည်တွေအလုံအလောက် ဖြည့်နိုင်မယ်ဆိုရင် နယ်မြေထိန်းချုပ်နိုင်မှုနဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းနိုင်တာဒီထက်ပိုများလိမ့်မယ်။