စားသုံးဆီနဲ့အတူစစ်အာဏာသိမ်းပြီးနောက်ပိုင်းအခြေခံစားကုန်ဖြစ်တဲ့ဆန်ဈေးလဲအဆမတန်မြင့်တက်လာခဲ့ပါတယ်။ရွှေဘိုပေါ်ဆန်း(၂၄ပြည်)တအိတ်လျှင်စစ်ကောင်စီရည်ညွှန်းဈေး၁သိန်း၁သောင်းကျပ်ဟုဆိုသော်လည်း ပြင်ပလက်လီဈေးကွက်မှာ တအိတ်လျှင် ၁ သိန်း ၄ သောင်းဝန်းကျင်အထိ ဈေးမြင့်တက်နေတယ်။
အခြေခံလူတန်းစားများအားထားရာ ဆန်ကြမ်းဈေးနှုန်းမှာ တအိတ်လျှင် ပြင်ပဈေးကွက်၌ ၆ သောင်းကျော်မှ ၇သောင်း၄ထောင်အထိရှိနေတယ်။အာဏာမသိမ်းခင်ကအကောင်းစားဆန်တအိတ်ဈေးဟာကျပ်တသိန်းအောက်မှာသာရှိခဲ့ပါတယ်။ဆန်ဈေးတွေလဲအနည်းဆုံးနှစ်ဆခန့်အထိတက်သွားတာပါ။လူလတ်တန်းစားတွေဆိုရင်အရင်ကမှ ဆန်ကောင်းလေးတွေ ဝယ်စားနိုင်သေးတယ်။ အခုကျတော့ နေ့တိုင်းအားထားပြီးစားနေရတဲ့ဆန်ပါ ဈေးတက်လာတော့စားရေးအတွက်ပါစိတ်ပူလာရတဲ့အနေအထားပါပဲ။အရင်က၃သောင်းလောက်ပဲရှိတဲ့ဆန်ကြမ်းက အခုဆို ၆ သောင်းကျော်သွားပြီ။ အခုဆန်ဈေးတွေက ကြားတောင်မကြားဖူးဘူး။ ဒါပေမဲ့ မရှိမဖြစ်စားရတာဆိုတော့လည်း ဈေးတက်လည်း ဝယ်နေရတာပဲ။
မြန်မာနိုင်ငံဟာဆန်အများဆုံးထွက်တဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့်စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တိုက်ပွဲများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူအများစု စစ်ရှောင်နေရ၍ လာမည့်စပါးပေါ်ချိန်တွင် အထွက်နှုန်းကျနိုင်သဖြင့်သိုလှောင်သူများလာခြင်းကြောင့်ဆန်ဈေးတွေတက်လာရတာပါ။ဆန်ဈေးတွေတက်လာပေမယ့်လဲစစ်ကောင်စီကတော့ဒေါ်လာအသည်းအသန်လိုနေတဲ့အတွက်ပြည်ပတင်ပို့မှုကိုလျော့ချမှုမရှိသေးပါဘူး။