ချင်းပြည်နယ်၊ထန်တလန်မြို့ရှိစစ်ကောင်စီတပ်စွဲရာနေရာလေးခုကိုမနေ့ကချင်းအမျိုးသားတပ်မတော်(CNA)နှင့်ချင်းဒေသကာကွယ်ရေးတပ်(CDF)ပူးပေါင်းတပ်တွေကကတစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပါတယ်။ထန်တလန်မြို့ပေါ်မှာအင်အားတိုးချဲ့ချထားသည့်စစ်ကောင်စီတပ်များကိုချင်းပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သူပုန်တွေဘက်ကဦးထက်မနည်းအကျအဆုံးရှိတယ်လို့သိရတယ်။ဒါပေမယ့်လဲတော်လှန်ရေးအဖွဲတွေဘက်က၁၃ဦးခန့်ကျဆုံးသွားတယ်။စစ်ကောင်စီဖက်ကဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတယ်။ဟားခါးဗျူဟာကုန်းကနေလက်နက်ကြီးနဲ့ပစ်ပေးတယ်။အဲဒါကြောင့်တော်လှန်ရေးအဖွဲ့တွေဘက်က အထိအခိုက်အဲဒီလောက်ရှိရတာပဲ။
ထန်တလန်မြို့မှာအရင်ကစစ်ကောင်စီတပ်တွေတပ်စွဲထားနိုင်တဲ့နေရာတနေရာသာရှိတော့ရာမှလက်ရှိဟားခါး – ထန်တလန်လမ်းပိုင်းကို သူတို့ ယာယီစိုးမိုးထားနိုင်သည့် အခြေအနေတွင် အင်အားတိုးချဲ့လာရာ ထန်တလန်မြို့၌ စစ်ကောင်စီတပ်ရင်း ၅ရင်းရှိနေကြောင်း၊ သို့ရာတွင် အင်အားမှာ နည်းပါးပြီး ၁၅၀ နှင့် ၂၀၀ကြားသာရှိတယ်။ထိုကဲ့သို့ထန်တလန်မြို့ပေါ်ဖြန့်ပြီးချထားတဲ့ လေးနေရာလောက်ကို တစ်ပြိုင်တည်း ဝင်တိုက်ခိုက်ခဲ့တာဖြစ်တယ်။
လက်ရှိမှာတော့ထန်တလန်မြို့ကိုစစ်တပ်ကပြန်လည်စိုးမိုးထားနိုင်နေပါတယ်။စစ်ကောင်စီတပ်ဟာ ချင်းတောင်တွင် မြေပြင်အင်အား နည်းပါးသော်လည်း လေကြောင်း တိုက်ခိုက်မှုများကို ယခင်ထက် တိုးမြှင့်လုပ်ဆောင်လာနေတယ်။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...