မန္တလေးမြို့မှာ မျက်စိအထူးကု ဆရာဝန်ကြီး နဲ့မိသားစုဝင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပြီး နေအိမ်နဲ့ ဆေးခန်းကိုပါချိတ်ပိတ်လိုက်တယ်လို့သိရပါတယ်။ဆရာဝန်ကြီးရဲ့ ဇနီးဟာ အဝေးသင်တက္ကသိုလ် တွဲဖက်ပါမောက္ခဖြစ်ပြီးCDMပြုလုပ်ထားပါ။စစ်တပ်ကိုထောက်ခံအားပေးရေးသားနေတဲ့လူမှုကွန်ရက်စာမျက်နှာအချို့မှာတော့ ဆရာဝန်ကြီး မိသားစု ဟာ PDF ကိုထောက်ပံ့အားပေးလို့ဖမ်းဆီးတာလို့ စွပ်စွဲထားပါတယ်။ပီးခဲ့တဲ့ရက်တွေကလဲမန္တလေးမြို့စာရေးကိရိယာအရောင်းဆိုင်တစ်ခုကဆိုင်ပိုင်ရှင်ညီအမတွေကိုစစ်ကောင်စီတပ်တွေကဖမ်းဆီးသွားပြီးနေအိမ်ကိုပါချိတ်ပိတ်သွားပါသေးတယ်။သူတို့ကိုတော့လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာစစ်ကောင်စီကိုဆန့်ကျင်တဲ့စာတွေရေးသားမှုကြောင့်ဆိုပြီးဖမ်းဆီးသွားတာပါ။ဒါတွေဟာလဲခန့်မှန်းပြောဆိုချက်တွေသာဖြစ်ပြီးဖမ်းဆီးခံရတဲ့အဖြစ်မှန်ကိုဘယ်သူမှမသိကြပါဘူး။တနိုင်ငံလုံးမှာထိုဖြစ်စဉ်မျိုးအများအပြားရှိနေပါသေးတယ်။စစ်ကောင်စီဟာငြိမ်းချမ်းစွာနေထိုင်နေကြတဲ့ပြည်သူတွေကိုမထင်ရင်မထင်သလိုအကြောင်းပြချက်မရှိဖမ်းဆီးနေကျပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


