စစ်ကောင်စီတပ်ရဲ့လေယာဉ်ဆီတင်သွင်းမှုလမ်းကြောင်းတွေကိုအမေရိကန်ပစ်မှတ်ထားအရေးယူဒဏ်ခတ်လို့အသိပေးလိုက်ပြီ။တော်လှန်ရေးအဖွဲ့တွေဆက်တိုက်တောင်းဆိုလာတဲ့ကိစ္စတစ်ခုကတော့တစိတ်တပိုင်းအကောင်အထည်ပေါ်လာပြီပေါ့။အခုလေယာဉ်ဆီ တင်သွင်းမှု အရေးယူ ပိတ်ဆို့မှုဟာ တော်လှန်ရေး အင်အားစုတွေကို ရင်ဆိုင်ဖို့အတွက် လေကြောင်း တိုက်ခိုက်မှု အင်အားကို အသည်းအသန် မှီခိုနေရတဲ့ မြန်မာစစ်တပ်အတွက် ကြီးမားတဲ့ အကျပ်အတည်းတွေ ဖြစ်ပေါ်လာမှာပါ။
အမေရိကန်ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီကို လောင်စာဆီတွေ တင်သွင်း ဝယ်ယူနိုင်အောင် အားပေးကူညီတဲ့ အမေရိကန်နဲ့ နိုင်ငံခြားသား လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ အားလုံးကို အရေးယူသွားမယ်လို့ သိရပါတယ်။အခုလိုမပိတ်ဆို့မီ မြန်မာနိုင်ငံဆီ လေယာဉ်ဆီ တင်သွင်းမှု လမ်းကြောင်းတွေကို သေသေချာချာ ဆန်းစစ် စောင့်ကြည့်ခဲ့တယ်လို့လည်း ဆိုပါတယ်။ စစ်တပ်ဟာ မြန်မာပြည်သူတွေကို ဖိနှိပ်ရာမှာ ကြမ်းတမ်း ခက်ထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို အလွန်အကျွံ အသုံးပြုပြီးအရပ်သားပြည်သူ ၃၉၀၀ ထက်မနည်းကို သတ်ဖြတ်ခဲ့ပါတယ်။