အမေရိကန်က လေယာဉ်ဆီကို မြန်မာပြည်ကို မရောင်းရေး ပိတ်ဆို့မှုဟာ မကြာခင် လေယာဉ်ဆီ ကုန်လာတော့မယ့်အချိန်ရောက်ရင်အတော်သိသာလာလိမ့်မယ်။အခုဆိုရင်နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့PUMA ကနေ လက်လွှဲယူထားတဲ့ ခရိုနီ ၂ ယောက်ကို နာမည်တပ် အရေးယူရုံမက သူတို့ရဲ့ ကုမ္ပဏီ ၃ ခုကိုလည်း ပိတ်လိုက်တယ်။ ဒီလောက်တင် ပိတ်တာက အရေးမကြီးဘူး။ သူတို့ကို ပိတ်လည်း အခြား ခရိုနီတွေက သွင်းမှာပဲလို့ စဉ်းစားစရာ ရှိတယ်။ ဒါပေမယ့် အခုက အဲဒီလောက် မရိုးရှင်းတော့ပါဘူး။ မြန်မာပြည်နဲ့ ဆက်ဆံပြီး လေယာဉ်ဆီ ရောင်းသည့် မည်သူ့ကို မဆို (အရပ်ဖက်ရော၊ စစ်သုံးရော) ၂ ခုလုံးကို ရောင်းရင်ရောင်းတဲ့ သူကို အရေးယူမယ်လို့ ကြေညာလိုက်တာပါ။ အဲဒီ ဖြစ်စဉ်ဟာ ထူးခြားပါတယ်။
ဆီတွေကို ရောင်းတာ ဝယ်တာ တစ်ခုတည်းတင် မဟုတ်တော့ဘဲ ဖြစ်စဉ်ကြီး တစ်ခုလုံးမှာ ပါတဲ့ နက်ဝက်ကြီး တစ်ခုလုံးရဲ့ ကုမ္ပဏီတွေ အားလုံးကို အကြုံးဝင်သွားပါတယ်။ အရောင်းအဝယ် ငွေပေးချေရာမှာ အသုံးပြုရမယ့် ကြားခံ ပွဲစား ကုမ္ပဏီတွေ၊ ငွေ အလွှဲအပြောင်း လုပ်ပေးတဲ့ ဘဏ်တွေ၊ဆီတွေကို သယ်ယူပေးမယ့် သင်္ဘောကုမ္ပဏီတွေ၊ သင်္ဘောကုမ္ပဏီတွေကို ငွေချေပေးမယ့် ဘဏ်တွေ၊ သင်္ဘောတွေနဲ့ သယ်ယူတဲ့အခါ မရှိမဖြစ် ထားရတဲ့ အာမခံ ကုမ္ပဏီတွေ၊လမ်းတလျှောက်မှာ ရပ်နားဖို့ လိုအပ်လာရင် ရပ်နားခွင့်ပြုတဲ့ ဆိပ်ကမ်းလည်ပတ်တဲ့ ကုမ္ပဏီတွေ စသဖြင့် အားလုံး အကြုံးဝင်သွားမှာပါ။
အဲ့ဒီအခါ ဒဏ်ခတ်မှာကို လွန်ဆန်လို့ ရနိုင်မလားဆိုတာပိတ်ကားပေါ်မှာဆက်လက် ကြည့်ရှုရမှာပါ။