စစ်ကိုင်းတိုင်း၊ခင်ဦးမြို့ မှာမူးရူးသောက်သားထားတဲ့ စစ်အုပ်စုက အကြမ်းဖက် ပစ်ခတ်စီးနင်း ဝင်မွှေရာ အသက်သုံးနှစ်အရွယ် အမွှာပူး ကလေးငယ်တစ်ဦး သေနတ်မှန် သေဆုံးပြီးနောက် ကျန်ရစ်တဲ့ ကလေးငယ်နဲ့ မိခင်ဖြစ်သူကိုဖမ်းခေါ်သွားကာလက်နက်တွေနဲ့အတူဖမ်းမိတယ်လို့စစ်အုပ်စုကလုပ်ကြံသတင်းဖြန့်ထားပါတယ်။ အမွှာပူးကလေးနှစ်ယောက်မှာအကြီးလေး သေတာဖြစ်ပြီး အလောင်းရော သယ်သွားပြီး အငယ်လေးကိုလည်း စစ်တပ်က ခေါ်သွားတယ်။ အမေဖြစ်သူကိုလည်း ခေါင်းက ဒဏ်ရာကြီးနဲ့ ဆွဲခေါ်သွားပါတယ်။
စစ်အုပ်စုက ရပ်ကွက်ကို ဝင်ရောက်စီးနင်းချိန် မူးရူးပြီး ထင်ရာကို ပစ်ခတ်တာကြောင့် မြကန်သာရပ်ကွက်နေ အသက်(၅၀)အရွယ် အမျိုးသားကြီးတစ်ဦးလည်း သေနတ်ထိမှန် သေဆုံးခဲ့သလို တခြား ဒေသခံ အမျိုးသား သုံးဦးလည်း သေနတ်ထိမှန် ဒဏ်ရာတွေရရှိခဲ့တယ်။ ဒါ့အပြင် စစ်အုပ်စုက မြကန်သာရပ်ကွက်နေ အသက်(၂၀)အရွယ် လူငယ်တစ်ဦးကိုလည်း ဖမ်းခေါ်သွားသေးတယ်။