စစ်ကောင်စီကနှစ်သောင်းတန်ကိုမိတ်ဆက်လိုက်ချိန်တပြိုင်နက်ထဲမှာပဲNUGကလဲနွေဦးဘဏ်ကိုစတင်လွှင့်တင်လိုက်ပါပြီ။ဒီလဆန်းကတည်းကကြေငြာထားတဲ့နွေဦးဘဏ်ကိုအခုလောလောဆယ်သုံးစွဲသူတစ်ထောင်နဲ့စတင်တည်ထောင်လိုက်တယ်။ဒစ်ဂျစ်တယ်ဘဏ်အမျိုးအစားဖြစ်ပြီးNUGကဒေါ်လာငါးသိန်းကနဦးမတည်ထားတယ်။အမေရိကန်ဒေါ်လာအပါအဝင်နိုင်ငံတကာငွေကြေးငါးမျိုးနဲ့ဝန်ဆောင်မှုပေးမှာဖြစ်တယ်။အသုံးပြုတွေလုံခြုံစိတ်ချစွာအကောင့်တွေဖွင့်နိုင်မှာဖြစ်ပြီးရွှေပါစုနိုင်မယ်လို့ပြောထားတယ်။လောလောဆယ်မှာတော့စမ်းသပ်ကာလတစ်လသတ်မှတ်ထားပြီးတနှစ်အတွင်းဘဏ်ကိုအသုံးပြုသူငါးသိန်းခန့်ရည်မှန်းထားတယ်။
မနှစ်ကဒီလိုအချိန်မှာNUG PAYထွက်ပေါ်လာပြီးနောက်ဒါဟာNUG PAYထပ်အစပေါင်းများစွာကြီးမားတဲ့ခြေလှမ်းတစ်ခုပဲ။နွေဦးဘဏ်ဟာNUGရဲ့ဘဏ္ဏာရေးအပိုင်းမှာအကြီးမားဆုံးလုပ်ဆောင်မှုလို့ပြောလို့ရသလိုအကြီးမားဆုံးစိတ်ခေါ်မှုလို့လဲပြောလို့ရတယ်။သတင်းတွေထွက်နေသလိုနောက်ပိုင်းမှာVISIA,MASTER CARDတွေအထိအသုံးပြုလို့ရရင်တော့တော်တော်အခြေအနေကောင်းသွားမယ်။ဒစ်ဂျစ်တယ်ဘဏ်ဖြစ်နေတဲ့အတွက်လူတွေရဲ့ယုံကြည်စိတ်ချမှုကိုဘယ်လောက်ထိဆွဲဆောင်နိုင်မလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရမယ်။