Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဇူလိုင် ၂၄၊ ၂၀၂၃။ (တနင်္လာ)

August 2, 2023
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကောင်စီကနှစ်သောင်းတန်ကိုမိတ်ဆက်လိုက်ချိန်တပြိုင်နက်ထဲမှာပဲNUGကလဲနွေဦးဘဏ်ကိုစတင်လွှင့်တင်လိုက်ပါပြီ။ဒီလဆန်းကတည်းကကြေငြာထားတဲ့နွေဦးဘဏ်ကိုအခုလောလောဆယ်သုံးစွဲသူတစ်ထောင်နဲ့စတင်တည်ထောင်လိုက်တယ်။ဒစ်ဂျစ်တယ်ဘဏ်အမျိုးအစားဖြစ်ပြီးNUGကဒေါ်လာငါးသိန်းကနဦးမတည်ထားတယ်။အမေရိကန်ဒေါ်လာအပါအဝင်နိုင်ငံတကာငွေကြေးငါးမျိုးနဲ့ဝန်ဆောင်မှုပေးမှာဖြစ်တယ်။အသုံးပြုတွေလုံခြုံစိတ်ချစွာအကောင့်တွေဖွင့်နိုင်မှာဖြစ်ပြီးရွှေပါစုနိုင်မယ်လို့ပြောထားတယ်။လောလောဆယ်မှာတော့စမ်းသပ်ကာလတစ်လသတ်မှတ်ထားပြီးတနှစ်အတွင်းဘဏ်ကိုအသုံးပြုသူငါးသိန်းခန့်ရည်မှန်းထားတယ်။


မနှစ်ကဒီလိုအချိန်မှာNUG PAYထွက်ပေါ်လာပြီးနောက်ဒါဟာNUG PAYထပ်အစပေါင်းများစွာကြီးမားတဲ့ခြေလှမ်းတစ်ခုပဲ။နွေဦးဘဏ်ဟာNUGရဲ့ဘဏ္ဏာရေးအပိုင်းမှာအကြီးမားဆုံးလုပ်ဆောင်မှုလို့ပြောလို့ရသလိုအကြီးမားဆုံးစိတ်ခေါ်မှုလို့လဲပြောလို့ရတယ်။သတင်းတွေထွက်နေသလိုနောက်ပိုင်းမှာVISIA,MASTER CARDတွေအထိအသုံးပြုလို့ရရင်တော့တော်တော်အခြေအနေကောင်းသွားမယ်။ဒစ်ဂျစ်တယ်ဘဏ်ဖြစ်နေတဲ့အတွက်လူတွေရဲ့ယုံကြည်စိတ်ချမှုကိုဘယ်လောက်ထိဆွဲဆောင်နိုင်မလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရမယ်။

Related Posts

အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)

October 5, 2025

ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။

အောက်တိုဘာ ၀၄၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၀၄၊ ၂၀၂၅။ (စနေ)

October 4, 2025

ဒေါ်လာစျေးတွေကတော့တစ်ဒေါ်လာကိုကျပ်လေးထောင်အောက်ရောက်ရှိသွားပါပြီ။ဒီနှစ်တွေအတွင်းပထမဆုံးအကြိမ်အဖြစ်ကျပ်လေးထောင်အောက်ရောက်သွားတာဖြစ်တယ်။ မြန်မာပြည်ဒေါ်လာစျေးကွက်ဟာနှစ်ကုန်ခါနီးလေးလလောက်မှာကျဆင်းနေတတ်တာနှစ်တိုင်းလိုလိုဖြစ်နေပြီ။အချို့ကတော့ဘိန်းထွက်နဲ့အချိန်ဖြစ်တာကြောင့်ဒီလိုအချိန်ဒေါ်လာစျေးတွေကျတာလို့ပြောကြတယ်။ဒါ့ကြောင့်ဒီနှစ်ကုန်အထိတော့ဆက်တိုက်ကျနေမယ်လို့ခန့်မှန်းရတယ်။

အောက်တိုဘာ ၀၃၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၀၃၊ ၂၀၂၅။ (သောကြာ)

October 3, 2025

စစ်ကော်မရှင်က ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေစတင်ကပ်နေပါတယ်။ ဒါပေမယ့်ကပ်ထားတဲ့မဲစာရင်းတွေမှာ ဆိုးဆိုးရွားရွားမှားယွင်းနေ​ကြောင်း...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English