တနေ့ကကရင်ပြည်နယ်လက်ခတ်တောင်တိုက်ပွဲမှာ ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့တဲ့အကြမ်းဖက်စစ်တပ်က တပ်ရင်းမှူးနဲ့ဒုတပ်ရင်းမှူးကိုအာဏာဖီဆန်မှုနဲ့ထောင်ချထားတယ်လို့သိရတယ်။သူတို့တွေဟာလက်အောက်ကတပ်သားတွေပစ်ထားခဲ့ပြီးကိုယ်လွတ်ရုံးပြေးလာခဲ့တာပါ။ဒါ့အပြင်လက်ခတ်တောင်၌ တပ်စွဲထားခဲ့တဲ့ စစ်ကောင်စီတပ်ဟာဒေသတွင်းရှိကျေးရွာများကိုလက်နက်ကြီးဖြင့်ပစ်ခတ်ရန်ပစ်မှတ်ချိန်ထားတာကိုသက်သေနှင့်တကွတွေ့ရှိရတယ်။စစ်သူပုန်တွေဟာအရပ်သားရွာတွေကိုအချိန်မရွေးလက်နက်ကြီးနဲ့ပစ်ခတ်ဖို့ကြံရွယ်ထားတာပဲ။ပြောမပြနိုင်လောက်အောင်ယုတ်မာရိုင်းစိုင်းတဲ့အကောင်တွေပဲ။တခြားသူတို့တပ်စွဲထားတဲ့စခန်းတွေမှာလဲလက်နက်ကြီးတွေနဲ့ရွာတွေကိုချိန်ရွယ်ထားမှာကျိန်းသေတယ်။
မြဝတီမြို့မှာတော့မြို့တွင်း၊ မြို့ပြင်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ ပိုများလာပြီး မြို့မရဲစခန်း ပတ်ပတ်လည်က ဝင်ပေါက်တွေကို လုံးဝ ပိတ်ချထားတဲ့အပြင် လုံခြုံရေးတွေ ပိုမိုတိုးမြှင့် ချထားတယ်။ မြို့တွင်းမှာတော့ ပုံမှန်အတိုင်း အသွားအလာမပြတ် ရှိနေတယ်လို့သိရတယ်။