ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုဒေါ်အောင်ဆန်းစုကြည်နဲ့နေပြည်တော်မှာတွေ့ဆုံခွင့်ပေးခဲ့တယ်လို့စစ်ကောင်စီကဝန်ခံလိုက်တယ်။စစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ကိုUNကိုယ်စားလှယ်နဲ့ရော၊အာဆီယံကိုယ်စားလှယ်ရော၊တရုတ်နဲ့ရုရှားတို့အပါအဝင်မည်သည့်နိုင်ငံသို့မဟုတ်အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့တောက်လျောက်တွေ့ခွင့်မပေးပဲယခုထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုသာပထမဆုံးကိုယ်စားလှယ်အဖြစ်တွေ့ဆုံခွင့်ပေးခဲ့တယ်။ဒါကိုကြည့်ခြင်းအားဖြင့်စစ်ကောင်စီဟာထိုင်းအစိုးရကိုတရုတ်၊ရုရှားကိုကျော်ပြီးအယုံကြည်ရဆုံးမိတ်ဆွေအဖြစ်သတ်မှတ်လိုက်တာပဲ။
ထိုင်းစစ်တပ်ကျောထောက်နောက်ခံထားတဲ့ထိုင်းအစိုးရဲ့လုပ်ဆောင်ချက်တွေဟာလဲမြန်မာပြည်သူတွေအတွက်ရုပ်ပျက်လွန်းတယ်။စစ်ကောင်စီကိုအကြိမ်ကြိမ်အသိအမှတ်ပြုကူညီပေးခဲ့တယ်။အာဆီယံသဘောတူညီချက်ကိုဆန့်ကျင်ကာစစ်ကောင်စီကိုဖိတ်ကြားပြီးအလွတ်သဘောဆွေးနွေးပွဲဟုခေါင်းစဉ်တပ်ထားတဲ့ပွဲမျိုးနှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့တယ်။အခုလဲထိုင်းရွှေးကောက်ပွဲပြီးနောက်အစိုးရနေရာကဖယ်ပေးရတော့မယ့်အချိန်မတိုင်ခင်လေးမှာစစ်ကောင်စီကိုရသလောက်ကူညီပေးနေတာပဲ။မြန်မာပြည်ဒီမိုကရေစီရသွားမှာသူတို့အရမ်းကြောက်နေတယ်။သူတို့နိုင်ငံမှာလဲမနေ့ကဝန်ကြီးချုပ်ရွှေးပွဲပြုလုပ်တော့ဒီမိုကရေစီအင်အားစုခေါင်းဆောင်ဖိထာကိုမဲမနိုင်အောင်ထိုင်းစစ်တပ်ကခန့်အပ်ထားတဲ့လွတ်တော်အမတ်တွေကဝိုင်းညစ်ခဲ့ကြတယ်။ထိုင်းနိုင်ငံမှာလဲဒီမိုကရေစီအင်အားစုတွေရွေးကောက်ပွဲမှာမဲအပြတ်အသတ်နိုင်ခဲ့ပေးမယ့်ဝန်ကြီးချုပ်တင်မြောက်ပြီးအစိုးရဖွဲ့နိုင်ဖို့ကအခြေအနေမကောင်းသေးပါဘူး။ထိုင်းစစ်တပ်ကကန့်လန့်တိုက်နေတယ်။သူတို့အခြေအနေမကောင်းသမျှမြန်မာ့ဒီမိုကရေစီးအဆင်မပြေနိုင်သေးဘူး။