စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်အစပ်၊ စစ်ကိုင်းမြို့နယ် မြောက်ပိုင်း တလိုင်းရွာအနီး စစ်ကိုင်း-ရွှေဘို ဗျူဟာလမ်းပေါ်မှာ ဒီမနက်ပိုင်း စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ထိတွေ့မှုရှိခဲ့ပြီး တော်လှန်ရေး ရဲဘော် (၁၄)ဦး ကျဆုံးခဲ့တယ်။စစ်သူပုန်တွေရဲ့ ကင်းပုန်းနဲ့ တိုးပြီး ကျဆုံးတာလို့သိရတယ်။ မောင်းပြန်သေနတ်၁၄လက်လဲဆုံးရှုံးလိုက်ရတယ်။ပီးခဲ့တဲ့ရက်တွေကလဲစစ်ကိုင်းမြို့နယ်ဧရာဝတီမြစ်ကမ်းဘေးကကင်းတော်ရွာနားမှာလဲစခန်းတစ်ခုရုတ်တရက်စီးနင်းခံရပြီးတော်လှန်ရေးရဲဘော်၁၃ဦးနဲ့ရဲမေနှစ်ဦးဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။
ဒီတပတ်ထဲစစ်ကိုင်းမြို့နယ်ထဲမှာတော်လှန်ရေးရဲဘော်တွေကျဆုံးနေတာ၅၀ဦးလောက်ရှိသွားပြီ။တိုက်ပွဲကြီးတွေဖြစ်ပြီးကျဆုံးတာမျိုးမဟုတ်ပဲအလစ်အငိုက်တိုက်ခိုက်ခံရလို့ကျဆုံးတာမျိုးဖြစ်နေတယ်။စစ်ကိုင်းမြို့နယ်ဟာစစ်ကိုင်းတိုင်းမှာတော်လှန်ရေးကိုနောက်ဆုံးမှပါဝင်လာတဲ့မြို့နယ်ဖြစ်တာကြောင့်ရဲဘော်တွေဟာအတွေ့အကြုံလဲနည်းသေးတယ်။ဒါကြောင့်အကျအဆုံးတွေများနေရတာပဲ။ဒါ့အပြင်စစ်အုပ်စုဟာစစ်ကိုင်းတိုင်းမှာအင်အားနည်းလာတာကြောင့်စစ်ကြောင်းပုံစံနဲ့မတိုက်ခိုက်တော့ပဲပျောက်ကြားပုံစံအလစ်အငိုက်ချောင်းပြီးဗျူဟာပြောင်းတိုက်ခိုက်လာတယ်။တော်လှန်ရေးအဖွဲ့တွေဖက်ကပေါ့ပါ့နေရင်ဆုံးရှုံးမှုတွေဆက်ရှိလာလိမ့်မယ်။