မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုနှင့်ထိုရွာအုပ်စုတွင်ပါဝင်သော ကန်ကောက်ရွာရှိ နေအိမ်တွေကိုစစ်ကောင်စီတပ်ကဆယ်ရက်အတွင်းဖယ်ရှားရန်ဖိအားပေးနေတယ်။စစ်အုပ်စုဖယ်ရှားမည့်အိမ်ခြေမှာ အိမ်ခြေရာချီမဟုတ်ပါဘူး။ ထောင်ဂဏန်းရှိပါတယ်။ အိမ်ခြေကိုးထောင်ကျော်လောက်ရှိမယ်။အိမ်ခြေ ကိုးထောင်ကျော်တွင်အိမ်ကြီးအိမ်ကောင်းများ အများအပြားပါဝင်ပြီး အချို့နေအိမ်များမှာ မြို့တွင်းတွင်ဖယ်ရှားခံရ၍ ယခုနေရာတွင် ဝယ်ယူနေထိုင်ချိန်တွင် ထပ်မံဖယ်ရှားခံရခြင်းဖြစ်တယ်။သောင်းချီသောမိသားစုဝင်များမှာ နေစရာအတွက် အိမ်ငှားနေထိုင်ရန် အိမ်အမြန်ရှာဖွေနေရပြီး အိမ်ငှားခများမြင့်တက်နေ၍ အခက်အခဲများတွေ့နေရတယ်။ ၁၀ ရက်အတွင်းမဖယ်ရှားပါက အင်အားသုံးဖယ်ရှားမည်ဟုခြိမ်းခြောက်ထားပြီး ၊ဖယ်ရှားရမည်နေအိမ်များ၊လမ်းများကို ဇွန် ၂၆ ရက်တွင် စစ်ကောင်စီက ဆေးနီဖြင့်လိုက်သုတ်ထားတယ်။
မန္တလေးမြို့ပြ ဧရိယာချဲ့ထွင်လာမှုကြောင့် ငွေကြေးအလယ်အလတ်နှင့် အနည်းငယ်သာတက်နိုင်သူများ ၊ဒေသခံများသည် ကန်ကောက်ရွာ၊နန်းဦးလွင်ရွာကဲ့သို့ကျေးရွာများတွင် မိမိအစီအစဉ်နဲ့ နေအိမ်ဆောက်လုပ် နေထိုင်ကြတယ်။နေအိမ်များဆောက်လုပ်နေထိုင်သည်မှာ ကြာပြီဖြစ်ပြီး ယခုမှ အာဏာသိမ်းစစ်ကောင်စီက လယ်ယာမြေကိုဝယ်ယူနေထိုင်သည်ဆိုကာဖယ်ရှားခိုင်းခြင်းမှာပြည်သူများဒုက္ခရောက်အောင်သက်သက်လုပ်တာပဲ။
စစ်ကောင်စီတပ်ဟာပီးခဲ့တဲ့လကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု (၁) ဘက်ရှိ နေအိမ်များကို ဖယ်ရှားခဲ့တယ်။ရန်ကုန်မြို့မှာလည်း လှိုင်သာယာ၊ မဂ်လာဒုံ ၊မရမ်းကုန်း စသဖြင့် မြို့နယ်များစွာတွင် နေအိမ်ပေါင်းသာင်းနှင့်ချီ၍ ကျူးကျော်ဟုဆိုကာအင်အားသုံးဖျက်ဆီးဖယ်ရှားခဲ့သည်။