ကရင်နီပြည်နယ်၊မယ်စဲမြို့တွင်ပီးတဲ့အပတ်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာတော်လှန်ရေးအဖွဲ့တွေဖက်ကကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ့တွေပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ထိုအဖွဲ့ဟာစစ်ကောင်စီလက်အောက်ခံကရင်နီပြည်နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်ပြီးယခင်ကဘယ်ဖက်မှာမှမပါဝင်ပဲကြားနေခဲ့တဲ့လက်နက်ကိုင်တပ်ဖွဲ့တစ်ခုပါ။အခုထိုအဖွဲ့ဟာတော်လှန်ရေးအဖွဲ့တွေထံဘက်ပြောင်းဝင်ရောက်လာခဲ့တဲ့အတွက်စစ်ကောင်စီအတွက်အရှိုက်ထိသွားတာပေါ့။ဒါဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တိုင်းရင်းသားအဖွဲ့တွေထဲကပထမဆုံးနွေဦးတော်လှန်ရေးဘကကိုပြောင်းလာတဲ့အဖွဲ့ပါ။ထိုအဖွဲ့မျိုးဟာကချင်၊ကယား၊ကရင်စတဲ့ပြည်နယ်တွေမှာများစွာကျန်သေးတယ်။အထူးသဖြင့်ကရင်ပြည်နယ်မှာနယ်ခြားစောင့်တပ်ဖွဲ့တွေများစွာရှိနေပြီးစစ်ကောင်စီဖက်ကဝင်ရောက်တိုက်ခိုက်ပေးနေကြတယ်။အခုဘက်ပြောင်းမှုဟာထိုအဖွဲ့တွေအတွက်အချက်ပေးခေါင်းလောင်းသံတစ်ခုဖြစ်လာလိမ့်မယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...