ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်းစစ်အုပ်စုဟာဂယောင်ခြောက်ခြားဖြစ်စမြဲပဲ။ဒီနှစ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ဒီနေ့မှာလဲစစ်အုပ်စုဟာပန်းသပိတ်ပြုလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြည်သူများစွာကိုဖမ်းဆီးခဲ့တယ်။ရန်ကုန်ကသမာဓိရွှေဆိုင်မှာဝန်ထမ်းမိန်းကလေးတွေကိုပန်းပန်တယ်ဆိုပြီးဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်။JunctionSquareမှာလဲပန်းလက်ဝယ်ကိုင်ဆောင်ထားသူတွေနဲ့ပန်းပန်ထားသူ၁၀ဦးထပ်မနည်းဖမ်းဆီးခံရတယ်။နယ်မြို့တွေမှာလဲထိုအတိုင်းပဲ။ပန်းရောင်းတဲ့သူ၊ပန်းဝယ်တဲ့သူတွေကိုဆိုင်ဆိုင်မဆိုင်ဆိုင်ဖမ်းဆီးသွားတယ်။စစ်အုပ်စုဟာလက်ထဲမှာလက်နက်ကြီးတွေကိုင်ထားပြီးအကုန်လုံးကိုကြောက်နေတော့တာပဲ။အနီဝတ်ရင်လဲကြောက်တယ်။အနက်ဝတ်ရင်လဲကြောက်တယ်။ပန်းပန်ရင်လဲကြောက်တယ်။လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့တနိုင်ငံလုံးပြည်သူများကဆုတောင်းမေတ္တာပို့သမှုများကိုစစ်ကောင်စီကကြောက်ရွံ့ပြီးသေနတ်ကိုင်ကာလိုက်လံခြိမ်းခြောက်နေတာပါ။
ဇွန် ၂၈၊ ၂၀၂၅။ (သောကြာ)
ကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုးဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ...