Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဇွန် ၁၉၊ ၂၀၂၃။ (တနင်္လာ)

June 30, 2023
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်းစစ်အုပ်စုဟာဂယောင်ခြောက်ခြားဖြစ်စမြဲပဲ။ဒီနှစ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ဒီနေ့မှာလဲစစ်အုပ်စုဟာပန်းသပိတ်ပြုလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြည်သူများစွာကိုဖမ်းဆီးခဲ့တယ်။ရန်ကုန်ကသမာဓိရွှေဆိုင်မှာဝန်ထမ်းမိန်းကလေးတွေကိုပန်းပန်တယ်ဆိုပြီးဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်။JunctionSquareမှာလဲပန်းလက်ဝယ်ကိုင်ဆောင်ထားသူတွေနဲ့ပန်းပန်ထားသူ၁၀ဦးထပ်မနည်းဖမ်းဆီးခံရတယ်။နယ်မြို့တွေမှာလဲထိုအတိုင်းပဲ။ပန်းရောင်းတဲ့သူ၊ပန်းဝယ်တဲ့သူတွေကိုဆိုင်ဆိုင်မဆိုင်ဆိုင်ဖမ်းဆီးသွားတယ်။စစ်အုပ်စုဟာလက်ထဲမှာလက်နက်ကြီးတွေကိုင်ထားပြီးအကုန်လုံးကိုကြောက်နေတော့တာပဲ။အနီဝတ်ရင်လဲကြောက်တယ်။အနက်ဝတ်ရင်လဲကြောက်တယ်။ပန်းပန်ရင်လဲကြောက်တယ်။လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့တနိုင်ငံလုံးပြည်သူများကဆုတောင်းမေတ္တာပို့သမှုများကိုစစ်ကောင်စီကကြောက်ရွံ့ပြီးသေနတ်ကိုင်ကာလိုက်လံခြိမ်းခြောက်နေတာပါ။

Related Posts

အာဏာသိမ်း ဒိုင်ယာရီ

နိုဝင်ဘာ ၀၃၊ ၂၀၂၅။ (တနင်္လာ)

November 3, 2025

ကရင်နီပြည်နယ်ကိုစစ်ကော်မရှင်ကစစ်ကြောင်းလေးကြောင်းအထိခွဲပြီးထိုးစစ်ဆင်နေပါတယ်။ဒီမောဆိုမြို့ကိုထိန်းချုပ်နိုင်ပြီးနောက်တောင်ဘက်ကဖရူဆိုနဲ့ဘောလခဲမြို့တွေကိုဆက်လက်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာပါ။ထိုမြို့နယ်တွေကိုရွေးကောက်ပွဲကျင်းပမယ့်မြို့စာရင်းမှာထည့်သွင်းထားတဲ့အတွက်မရရအောင်ထိန်းချုပ်ဖို့အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတယ်။ရွေးကောက်ပွဲမတိုင်မီမှာသံလွင်မြစ်အရှေ့ပိုင်းနယ်မြေတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ကြိုးစားပါလိမ့်မယ်။

အာဏာသိမ်း ဒိုင်ယာရီ

နိုဝင်ဘာ ၀၂၊ ၂၀၂၅။ (တနင်္ဂနွေ)

November 2, 2025

ရွေးကောက်ပွဲဝါဒဖြန့်ဗီဒီယိုနဲ့ပါဝင်သရုပ်ဆောင်သူတွေကိုပြည်သူတွေBoycottလုပ်တာအောင်မြင်နေတဲ့အတွက်စစ်​အုပ်စုကအကြီးအကျယ်ဒေါသထွက်နေပါတယ်။ရုပ်ရှင်အစည်းအရုံးကသရုပ်ဆောင်တွေကိုအစည်းအဝေးခေါ်ပြီးရွေးကောက်ပွဲကန်ပိန်းတွေမှာမဖြစ်မနေပါဝင်ရမယ်လို့ဖိအားပေးလာတယ်။ဒါ့အပြင်နာမည်ကြီးသရုပ်ဆောင်တွေအားလုံးကိုအကြောင်းပြချက်ခိုင်လုံမှုမရှိပဲပြည်ပထွက်ခွင့်မပေးတော့ပါဘူး။ပြည်သူတွေရဲ့တုန့်ပြန်မှုပြင်းထန်နေတဲ့အတွက်စစ်ကော်မရှင်ဟာရုပ်ရှင်လောကတစ်ခုလုံးကိုအရှက်မရှိပတ်ရမ်းနေပါပြီ။

အာဏာသိမ်း ဒိုင်ယာရီ

နိုဝင်ဘာ ၀၁၊ ၂၀၂၅။ (စနေ)

November 1, 2025

အာဏာသိမ်းစစ်အုပ်စုတက်ခွင့်မရတဲ့အာဆီယံထိပ်သီးအစည်းအဝေးကတော့ပြီးဆုံးသွားပါပြီ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တက်ရောက်ခဲ့ပေမယ့်အစည်းအဝေးမှာမြန်မာနိုင်ငံအကြောင်းတစ်လုံးမှထည့်မပြောသွားပါဘူး။စစ်အုပ်စုကန့်ကွက်ခဲ့တဲ့အရှေ့တီမောနိုင်ငံလဲအာဆီယံအဖွဲ့ဝင်ဖြစ်သွားပါပြီ။အဖွဲ့ဝင်နိုင်ငံတွေသဘောထားကွဲလွဲနေတာကြောင့်စစ်အုပ်စု​ကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲကိုအာဆီယံကိုယ်စားပြုစောင့်ကြည့်ရေးကိုယ်စားလှယ်စေလွတ်တော့မှာမဟုတ်ပါဘူး။ကိုယ်စားလှယ်စေလွတ်ဖို့တနိုင်ငံချင်းစီသာကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ကြမှာဖြစ်တယ်။နောက်နှစ်အတွက်အာဆီယံဥက္ကဌနေရာအလှည့်ကျသူကတော့ဖိလစ်ပိုင်နိုင်ငံပါ။

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English