မွန်ပြည်နယ်နဲ့တနင်္သါရီတိုင်းနယ်စပ်ကရေးမြို့နယ်ဟာမြန်မာပြည်အောက်ပိုင်းမှာတော်လှန်ရေးအဖွဲ့တွေအားကောင်းတဲ့နေရာတစ်ခုပါ။တနင်္သါရီတိုင်းထဲမှာပုလော၊တနင်္သါရီမြို့စတဲ့ဒေသတွေတော်လှန်ရေးအဖွဲ့တွေရှိနေပေမယ့်ရေးမြို့နယ်လောက်အားမကောင်းကြသေးဘူး။အခုဆိုရင်ရေးမြို့အနီးကမြန်မာပြည်တောင်စွန်းကိုသွားတဲ့ပြည်ထောင်စုလမ်းမကြီးပေါ်မှာဂိတ်တွေဖွင့်ပြီးစစ်ကောင်စီဘက်တော်သားတွေကိုစစ်ဆေးနိုင်တဲ့အခြေအနေရောက်နေပြီ။ထိုဂိတ်တွေနဲ့မိုင်အနည်းငယ်အကွာမှာစစ်ကောင်စီတပ်ရင်းတွေရှိနေပေမယ့်လာရောက်မတိုက်ခိုက်ရဲကြဘူး။စစ်ကောင်စီဘက်ကနယ်မြေစိုးမိုးနိုင်မှုမရှိတော့ပဲတော်လှန်ရေးအဖွဲဲ့တွေကတစတစလွမ်းမိုးလာနိုင်နေပြီ။ ထိုပြည်ထောင်စုလမ်းမကြီးဟာမြန်မာပြည်တောင်စွန်းထိရောက်နိုင်တဲတစ်ခုတည်းသောကုန်းလမ်းမကြီးပဲ။ထိုလမ်းမကိုထိန်းချုပ်နိုင်ရင်တနင်္သါရီအောက်ပိုင်းဒေသတွေကိုအလိုလိုထိန်းချုပ်နိုင်လိမ့်မယ်။ဒါကိုစစ်ကောင်စီကဒီအတိုင်းလွှတ်ထားမှာမဟုတ်ပဲအင်အားဖြည့်ပြီးလမ်းမကြီးကိုပြန်ထိန်းချုပ်ဖို့လုပ်လိမ့်မယ်။အဲ့ဒီအချိန်မှာသူတို့ထိုးစစ်ကိုအောင်မြင်စွာခုခံနိုင်ရင်တော့မြန်မာပြည်အောက်ပိုင်းမှာလဲတော်လှန်ရေးအဖွဲ့တွေအသာစီးရလာနိုင်တယ်။
နိုဝင်ဘာ ၀၁၊ ၂၀၂၅။ (စနေ)
အာဏာသိမ်းစစ်အုပ်စုတက်ခွင့်မရတဲ့အာဆီယံထိပ်သီးအစည်းအဝေးကတော့ပြီးဆုံးသွားပါပြီ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တက်ရောက်ခဲ့ပေမယ့်အစည်းအဝေးမှာမြန်မာနိုင်ငံအကြောင်းတစ်လုံးမှထည့်မပြောသွားပါဘူး။စစ်အုပ်စုကန့်ကွက်ခဲ့တဲ့အရှေ့တီမောနိုင်ငံလဲအာဆီယံအဖွဲ့ဝင်ဖြစ်သွားပါပြီ။အဖွဲ့ဝင်နိုင်ငံတွေသဘောထားကွဲလွဲနေတာကြောင့်စစ်အုပ်စုကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲကိုအာဆီယံကိုယ်စားပြုစောင့်ကြည့်ရေးကိုယ်စားလှယ်စေလွတ်တော့မှာမဟုတ်ပါဘူး။ကိုယ်စားလှယ်စေလွတ်ဖို့တနိုင်ငံချင်းစီသာကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ကြမှာဖြစ်တယ်။နောက်နှစ်အတွက်အာဆီယံဥက္ကဌနေရာအလှည့်ကျသူကတော့ဖိလစ်ပိုင်နိုင်ငံပါ။


