စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မုံရွာမြို့နဲ့ချင်းတွင်းမြစ်သာခြားတဲ့ညောင်ပင်ကြီးရဲစခန်းကိုတော်လှန်ရေးအဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်မီးရှို့ပီးနောက်ပိုင်းမှာလဲထိုစခန်းပတ်ဝန်းကျင်ရွာတွေကိုစစ်သူပုန်တွေပတ်ရမ်းသောင်းကျန်းနေပါတယ်။ထိုစခန်းဟာချင်းတွင်းမြစ်တဖက်ကမ်းပုလဲ၊ယင်းမာပင်၊ဆားလင်းကြီးစတဲ့မြို့နယ်တွေကရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးရာမှာအဓိကအသုံးပြုတဲ့စခန်းဖြစ်တယ်။ရွာတွေကိုစစ်ကြောင်းထိုးမယ်ဆိုရင်စစ်သူပုန်တွေဟာမုံရွာဖက်ကကူးလာပြီးထိုစခန်းမှာလူစုလေ့ရှိတယ်။တော်လှန်ရေးအဖွဲ့တွေထိုစခန်းကိုသိမ်းပိုက်လိုက်တော့စစ်သူပုန်တွေတုန်လှုပ်ခြောက်ခြားသွားတာပေါ့။တော်လှန်ရေးအဖွဲ့တွေကသူတို့တိုင်းစစ်ဌာနချုပ်ကိုလက်တကမ်းကခြိမ်းခြောက်နိုင်တဲ့အနေအထားဖြစ်လာပြီလေ။ဒါကြောင့်နယ်မြေရှင်းလင်းရေးဆိုပြီးထိုစခန်းအနီးပတ်ဝန်းကျင်ရွာတွေကိုမီးရှို့ဖျက်စီးနေတယ်။
အခုနောက်ပိုင်းစစ်ကိုင်းတိုင်းမှာစစ်သူပုန်တွေအတွက်တဖြည်းဖြည်းနယ်မြေကျဉ်းမြောင်းလာပါပြီ။အရင်လိုအားတိုင်းနယ်ပေါင်းစုံကိုစစ်ကြောင်းမထိုးနိုင်တော့ပဲသူတို့ကိုလာထိမှခွေးရူးလိုမျိုးမဲမဲမြင်ရာလိုက်ကိုက်နိုင်တော့တယ်။မိုးရာသီရောက်လာတာလဲပါမှာပေါ့။စစ်ကိုင်းတိုင်းကစစ်ရေးအခြေအနေတွေဟာကိုယ့်ဖက်ကိုပါလာပေမယ့်လိုချင်တဲ့အနေအထားကိုတော့ရောက်မလာသေးဘူး။