စစ်ကောင်စီလက်အောက်ခံရွှေးကောက်ပွဲကော်မရှင်ရဲ့ညွှန်ကြားရေးမှုးတစ်ဦးလမ်းမှာကားမောင်းနေရင်းနဲ့ပစ်သတ်ခံလိုက်ရတယ်။ထိုသူဟာဒေါ်အောင်ဆန်းစုကြည်ကိုအမှုဆင်ဖမ်းဆီးရာမှာစစ်ကောင်စီဘက်ကသက်သေအဖြစ်ပါဝင်ခဲ့သူတဦးပဲ။ သင်္ကြန်အပြီးကလဲသန်လျင်မှာလေတပ်ကအရာရှိတစ်ဦးအပစ်ခံရလို့သေဆုံးသွားတယ်။ဒီရက်ပိုင်းစစ်ကောင်စီရဲ့ဒေါက်တိုင်တွေခပ်စိတ်စိတ်ရှင်းလင်းခံနေရတယ်။စစ်ကောင်စီနဲ့ပေါင်းစားနေသူမှန်သမျှအသက်အန္တရာယ်အာမခံချက်မရှိဘူးဆိုတာပြသလိုက်တာပဲ။စစ်တပ်ကအားလုံးကိုလုံခြုံရေးလဲမပေးနိုင်ဘူးလေ။နေပြည်တော်အပြင်ဘက်ထွက်တာနဲ့ဘယ်နယ်မြေသွားသွားမလုံခြုံတဲ့စိတ်ခံစားချက်မျိုးသူတို့ဘက်လူတွေကိုတဖြည်းဖြည်းခံစားလာစေရမယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


