စစ်ကောင်စီဟာ၂၀၂၃ခုနှစ်သင်္ကြန်ပွဲကိုစည်းကားအောင်ကျင်းပဖို့ပြင်ဆင်နေပါတယ်။တိုင်းပြည်အတွင်းပုံမှန်ပြန်ဖြစ်နေသယောင်ဖော်ပြချင်တဲ့အတွက်အာဏာသိမ်းပြီးနောက်သင်္ကြန်ကိုစိတ်ဓာတ်စစ်ဆင်ရေးရေးအနေနဲ့လက်နက်လိုနှစ်တိုင်းအသုံးချနေတာပဲလေ။ဒါပေမယ့်ပြည်သူအများစုကတော့တော်လှန်သင်္ကြန်အဖြစ်စစ်ကောင်စီပြုလုပ်ပေးတဲ့ပျော်ပွဲရွှင်ပွဲတွေမှာမပါဝင်ကြဘူး။ဒီနှစ်မှာလဲစစ်ကောင်စီကမြို့ကြီးအများစုမှာမဏ္ဏပ်တွေတည်ဆောက်လျက်ရှိတယ်။မြို့ပြပျောက်ကျားအဖွဲ့တွေနဲ့တော်လှန်ရေးအင်အားစုတွေကတော့စစ်ကောင်စီကျင်းပပေးတဲ့သင်္ကြန်ပွဲတော်မှာမပါဝင်ဖို့သတိပေးထားတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


