NLDပါတီအပါအဝင်ပါတီလေးဆယ်ကျော်ကိုရွှေးကောက်ပွဲအတွက်မှတ်ပုံပြန်မတင်လို့စစ်ကောင်စီကဖျက်သိမ်းလိုက်တာနဲ့ပတ်သတ်ပြီးအနောက်နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကဝိုင်းဝန်းပြစ်တင်ကန့်ကွက်ကြတယ်။အထူးသဖြင့်NLDပါတီဖျက်သိမ်းခံလိုက်ရတာကိုပေါ့။ပါတီကိုဖျက်သိမ်းပြီးနောက်ပါတီပိုင်ပစ္စည်းတွေကိုပြည်သူပိုင်သိမ်းမယ်လို့လဲစစ်ကောင်စီကလေသံပစ်ထားတယ်။ဒီကာလမှာတော့ဘာဥပဒေမှမရှိပဲသူတို့ပြုသမျှနုရမှာပေါ့။
ထူးခြားမှုကထိုဖြစ်စဉ်အပေါ်တရုတ်နဲ့အာဆီယံကဘာမှမပြောပဲနုတ်ဆိတ်လျက်ရှိတယ်။တရုတ်ဆိုရင်အရင်ကNLDပါတီဖျက်သိမ်းမှုအပေါ်မှာမလိုလားကြောင်းပြသခဲ့တယ်။ဒါပေမယ့်အခုချိန်မှာဘာမှမပြောတော့ပဲနုတ်ဆိတ်နေတာဟာစစ်ကောင်စီနဲ့အပေးအယူတစ်ခုခုများရှိနေလားမပြောတတ်ဘူး။အာဆီယံဆိုတာလဲအလားတူပဲ။သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံနိုင်ရေးဆိုပြီးအသံကောင်းဟစ်နေပေမယ့်အခုကျတော့ဘာသံမှထွက်မလာနိုင်ဘူး။ဘာပဲစစ်ကောင်စီကသူလုပ်ချင်တာလုပ်ခွင့်ရသွားတာပဲ။