စစ်ကောင်စီကမတ်လ၃၀ရက်နေ့နောက်ပိုင်းကစပြီးစစ်တိုင်းမှုးနဲ့ထိပ်ပိုင်းရာထူးတွေကိုအပြောင်းအလဲပြုလုပ်နေတယ်။တချို့တွေကိုဖြုတ်ပစ်လိုက်ပြီးတချို့တွေကိုတော့ရာထူတိုးပေးကာနေရာရွှေ့ပြောင်းလိုက်တယ်။အထူးသဖြင့်လတ်တလောတိုက်ပွဲတွေပြင်းထန်နေတဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုးနေရာကိုအပြောင်းအလဲလုပ်ထားတယ်။တောင်ပိုင်းကကရင်ပြည်နယ်မှာအခုရက်ပိုင်းအတွင်းစစ်တပ်ဟာအကြီးအကျယ်တိုက်ခိုက်ခံနေရတယ်။
စစ်တိုင်းမှုးတွေအပြောင်းအလဲလုပ်တာဟာစစ်တပ်အတွင်းမတည်ငြိမ်မှုတွေကိုဖော်ပြနေတာပဲ။အသစ်ရောက်လာတဲ့တိုင်းမှုးတွေဟာနယ်မြေအနေအထားကောင်းစွာမသိသေးပဲစစ်ဆင်ရေးတွေပြုလုပ်လေ့ရှိတာကြောင့်စစ်တပ်ဟာပိုပြီးအထိနာလာနိုင်တယ်။ဒါကြောင့်စစ်တပ်အတွင်းအပြောင်းအလဲများလေလေတော်လှန်ရေးအတွက်ကောင်းလေလေပဲ။