Superlight Logistic ကုမ္ပဏီက စီစဉ်ခဲ့တဲ့ မဲဆောက်ကရှိုးပွဲကို မလုပ်ဖြစ်တော့ဘူးလို့သိရတယ်။ ပြည်သူရဲ့ အင်အားက အတော်လေးထိရောက်တယ်။ အဲဒီရှိုးပွဲမှာပါဝင်ခဲ့တဲ့အဆိုတော်တွေကိုလည်း BC တို့ SP တို့ လုပ်ဖို့အချင်းချင်းဆော်ဩကြတယ်။ နီနီခင်ဇော်၊ အိမ့်ချစ်၊ စည်သူလွင်၊ ဇွဲပြည့်တို့ပါတယ်။ ဒီကာလအ တွင်းမှာ စိတ်ပျက်စရာကောင်းတာက အနုပညာရှင်အချို့ပဲ။ ပြည်သူနဲ့အတူရပ်တည်ခဲ့တယ်လို့ပြောခဲ့တဲ့ အနုပညာရှင်တွေဟာ စစ်ကောင်စီစီစဉ်တဲ့ အခမ်းအနားတွေမှာတက်ကြ၊ ပျော်ရွှင်ကြနဲ့ သူတို့ကမ္ဘာသူတို့ သာယာနေကြတယ်။ တစ်ဖက်မှာတော့ စစ်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်။ ကြာအင်းဆိပ်ကြီးမှာ လည်း တိုက်ပွဲတွေကမနားမနေဖြစ်နေလေရဲ့။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...