အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့သူပေါင်း ၁၇ ဒသမ ၆ သန်းရှိပြီး လူဦးရေ ၁၅ ဒသမ ၂ သန်းဟာ အစားအစာမလုံမလောက်ဖြစ်နေတယ်လို့ အကြမ်းဖျင်းတွက် ချက်ခန့်မှန်းကြပါတယ်။ လူအနည်းဆုံးတစ်သန်းခွဲဟာ ပြည်တွင်းနေရပ်စွန့်ခွာနေရသူတွေဖြစ်ပြီး နေ့စဉ် ထောင်ပေါင်းများစွာသော လူတွေဟာ အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေမှာ ခိုလှုံနေရတယ်လို့သတင်း တွေမှာဖော်ပြထားပါတယ်။ ဒါတွေရဲ့ အဓိက အရင်းအမြစ်က မင်းအောင်လှိုင်နဲ့ သူ့အပေါင်းပါစစ်တပ် ကြောင့်ဖြစ်တယ်ဆိုတာ တစ်နိုင်ငံလုံးကအသိပါပဲ။ မင်းအောင်လှိုင်ရဲ့စစ်တပ်ကလည်း ဦးဏှောက်မရှိဘဲ အကြီးအကဲတစ်ယောက်ပြောတဲ့စကားနောက်ကိုပဲ လိုက်နာနေရတာဆိုတော့ မြန်မာတစ်နိုင်ငံလုံးဟာ ကံဆိုးမိုးမှောင်ကျနေခဲ့ရတာ သုံးနှစ်ထဲရောက်လာခဲ့ပြီလေ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


