Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုဒဏ် ပြည်သူများ ဆိုးရွားစွာခံနေရ

April 8, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ယခုအခါ လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေသလို ရေတင်၍ မရဖြစ်နေပြီး မီးလာမှ ချက်ပြုတ်စားသောက်ကြရသောကြောင့် မြို့ပြလူနေမှုဘဝ ပိုမိုပင်ပန်းဆင်းရဲလာနေကြရသည်။ ထို့အပြင် စက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများကို လျှပ်စစ်မီး မပေးနိုင်သဖြင့် လုပ်ငန်းရှင်များလည်း အခက်ကြုံနေကြရသည်။

ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ စီးပွားရေးလုပ်ငန်းများကိုလည်း ပြီးခဲ့သည့် မတ်လ၂၈ ရက်မှ စတင်၍ ယခု ဧပြီလ ၃၀ ရက်အထိ ညနေ ၅ နာရီမှ ည ၁၁ နာရီအတွင်း လျှပ်စစ်ဓာတ်အား အသုံးပြု၍ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရန်နှင့် ဆောင်ရွက်နေသည်ကို စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှု နည်းလမ်းအရ အရေးယူသွားမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

ယင်းအခြေအနေကို ကြည့်ခြင်းအားဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အားကို ပြည့်မီစွာ မပေးနိုင်တော့သည်မှာ သိသာထင်ရှားနေပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် မြန်မာတနိုင်ငံလုံးတွင် လျှပ်စစ်မီး ပြတ် တောက်သည့်အပြင် လက်ရှိတွင် နောက်ဆက်တွဲ ရေမရသည့် ပြဿနာများကို ရင်ဆိုင်နေရသည်။

ဧပြီ ၆ ရက်က ပြုလုပ်သည့် စစ်ကောင်စီ၏ ၁/ ၂၀၂၃ အစည်းအဝေးတွင်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြစ် ကြောင်း” ထုတ်ဖော် ဝန်ခံထားသည်။

ယခင် အစိုးရအဆက်ဆက်ကတည်းက ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တချို့စီမံကိန်းများကို ရပ်တန့်ခဲ့ရပြီး တချို့ကို ဖျက်သိမ်းခဲ့ရကြောင်း၊ မိမိတို့ အနေဖြင့် လျှစ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း စစ်ခေါင်းဆောင်က ပြောဆိုထားသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နေထိုင်သူအိမ်ရှင်မတဦးက “သူတို့ (စကစ) System Breakdown မပြောခင်ကလည်း ပျက်တာပဲ။ သူတို့ပြောထားတဲ့ အခုက မမှန်တော့ဘူး။ ပျက်ချိန်မှန်တယ်။ လာတဲ့အချိန်လည်း ပျက်နေတာပဲ။ တချို့ ရက်တွေဆို တရက်လုံးမှ ၄ နာရီလောက်ပဲ လာတယ်။ ပြောချင်တာသာ လျှောက်ပြောနေတာ။ ပျက်ချင်သလို ပျက်နေ တာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ လျှပ်စစ်မီး မမှန်သောကြောင့်လည်း အိမ်သုံးရေမှာလည်း ပြတ်လပ်မှုများဖြစ်ကာ ယခုအချိန်တွင် တနာရီလျှင် ကျပ် ၁ သောင်းပေး၍ မီးစက်နှင့် ရေလိုက်တင်ပေးသည့်သူများကို အားကိုးနေရသည့် အခြေအနေဖြစ်ကြောင်း ၎င်း က ပြောသည်။

ဆက်လက်၍ ၎င်းက “ကျမတို့ မြို့ထဲတွေက တိုက်ခန်းကျဉ်းကျဉ်းလေးတွေဖြစ်တော့ အခုလို နွေရာသီဆို မီးမလာရင် ညဘက်တွေက အရမ်းပူတယ်။ အဲဒီတော့ အပြင်သစ်ပင်အောက် လူငယ်လေး ၃ /၄ ယောက်စု မထိုင်နဲ့ ထိုင်တာနဲ့ လာဆွဲပြီ။ ဟိုတလောကဆို ကျမအသိထဲက ကလေးတွေ ညအချိန် အဲဒီလို ထိုင်မိလို့ ရဲစခန်းမှာ တယောက် ငွေ ၃ သိန်း၊ ၅ သိန်းနဲ့ သွားရွေးရတာ ရှိတယ်။ ပြည်သူတွေကို အဘက်ဘက်က စိတ်ဖိစီးပြီး သေအောင် ဒီစစ်ကောင်စီ က သတ်နေတာ” ဟု ဆိုသည်။

ထိုသို့ လျှပ်စစ်မီး မရသည့်အတွက် နောက်ဆက်တွဲ ပြဿနာများနှင့်ပြည်သူများ အခက်အခဲများ ကြုံနေရသော်လည်း မီတာခမှာ ပုံမှန်လျှပ်စစ်မီးမှန်သည့်အချိန်က ပေးဆောင်ရသည့်နှုန်းထားအတိုင်း ပေးနေရဆဲဖြစ်ကြောင်း သုံးစွဲသူ ပြည်သူများထံက သိရသည်။

လျှပ်စစ်မီး မရသော်လည်း မီတာခမှာ ပုံမှန်လျှပ်စစ်မီးမှန်သည့်အချိန်က ပေးဆောင်ရသည့်နှုန်းထားအတိုင်း ပေးနေရဆဲ/AFP

မရမ်းကုန်းမြို့နယ်နေ ပြည်သူတဦးက “မီးသာ မမှန်တာ မီတာခကျ ကောက်ချင်သလို ကောက်တာ။ ကျမအဒေါ်အိမ်ဆို လူမနေဘူး။ ဒါပေမယ့် မီးဖိုးကျ ၁ လကို အနည်းဆုံး ၇ ထောင်ကျပ်နဲ့ ၈ ထောင်ကျပ် ပေးရတယ်။ မီတာရုံး သွားပြော လဲ ဟိုလူပြော ဒီလူပြောနဲ့ လူပါးတွေ ဝ တယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီထုတ်ပြန်ချက်များတွင်မူ နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအင်အရင်းအမြစ်များမှနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲစက်ရုံများကို ဖောက်ခွဲ ဖျက်ဆီးမှုများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေသည်ဟု ဆိုထားသည်။

ထို့ပြင် လက်ရှိအခြေအနေတွင် နိုင်ငံအတွက် ဓာတ်အားလိုအပ်ချက်ကို ခွဲတမ်းချပြီး ဖြန့်ဖြုးပေးနေရသည့်အပေါ် နား လည်ပေးရန်နှင့် ရလာသမျှ လျှပ်စစ်ဓာတ်အားကိုလည်း အလဟသ မပြုန်းတီးစေရေး မိမိတို့ ပေးဆောင်ကြရမည့် လျှပ်စစ်ဓာတ်အားခများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လည်း တိုက်တွန်းထားပြန်သည်။

ယခု ရက်ပိုင်းအတွင်း လျှပ်စစ်မီးများ ဆိုးဆိုးဝါးဝါးပြတ်တောက်သွားခြင်းနှင့် တိုက်ဆိုင်စွာ ရန်ကုန်မြို့ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းများအတွက် LNG ဓာတ်ငွေ့ရည် ပံ့ပိုးပေးနေသည့် CNTIC VPOWER ENERGY သင်္ဘော ပြီးခဲ့သည့် မတ်လ ၃၀ ရက်က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သည်။

အဆိုပါ သင်္ဘောကြီးသည် ရန်ကုန်၊ သီလဝါဆိပ်ကမ်းတွင်၂ နှစ်ကျော်အကြာ ဆိုက်ကပ်ရပ်နားသည့် ဟောင်ကောင် အခြေစိုက် VPOWER အုပ်စုပိုင်၊ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်၂၀၀ ခန့်ကို ၁၄ ရက်ကြာ ထုတ်လုပ်နိုင်သည့် ဓာတ်ငွေ့ ရည်တင်သင်္ဘောကြီး ဖြစ်သည်။

LNG ဈေးနှုန်း မြင့်မားလာခြင်း၊ စစ်ကောင်စီဘက်မှ ဘဏ္ဍာငွေကျပ်တည်းခြင်းများကြောင့် စီမံကိန်းကို စစ်အာဏာသိမ်းပြီး များမကြာခင် နှစ်ဘက်သဘောတူညီပြီး ရပ်နားခဲ့ပြီး ဖြစ်သည်။ သို့သော် ယခု သင်္ဘောကြီး ထွက်ခွာသွားသောကြောင့် လျှပ်စစ်မီးအခြေအနေမှာ အဆိုးဆုံး အခြေအနေသို့ ရောက်နေကြောင်း ပြသသလို ဖြစ်နေသည်။

ရန်ကုန်မြို့ရှိ အသေးစား လုပ်ငန်းရှင်တဦး “အခု မင်းအောင်လှိုင် အာဏာသိမ်းပြီးကတည်းက မီးဆိုတာ နေပြည်တော် လောက်ကလွဲပြီး တခြားနေရာတွေ မလာကြတော့ဘူးဗျ။ မီးပျက်တဲ့အကြောင်း သိချင်လို့ Call Center ကို ဖုန်း ဆက်တယ်ဆိုရင်တောင် ဆက်မရတာများတယ်။ ရန်ကုန်လို နေရာမျိုးတောင် အချိန်နဲ့ ရနေတာ၊ တခြား ပြည်နယ်တို့၊ တိုင်းတို့ဆို ပိုတောင်ဆိုးတာပေါ။ မီးတောင် မမြင်ရတဲ့နေရာတွေ အများကြီး ဖြစ်လာတယ်” ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် လျှပ်စစ်မီးပြတ်တောက်ရခြင်းမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဗုံးကြဲခံရခြင်းကြောင့်ဟု အကြောင်းပြပြောဆိုနေသော်လည်း လက်ရှိ ပြည်တွင်း၌ လျှပ်စစ်မီးများ ဆိုးဆိုးရွားရွား ပြတ်တောက်နေခြင်းမှာ အာဏာသိမ်းပြီးအချိန်ကတည်းကဖြစ်သည်။

“စက်မှုလုပ်ငန်းတွေက ဒီဇယ်တွေနဲ့ လည်ပတ်ရတာတွေ များတယ်ပေါ့နော်။ အခု စစ်ကောင်စီက ဆီတိုင်ကီလိုက်ဝယ် ချင်တယ်ဆိုရင် လုပ်ငန်းလိုင်စင်တို့၊ စာရွက်စာတမ်းတို့ပြပြီး ဝယ်ရတာတွေ ဖြစ်လာတယ်။ ဒီလိုပုံစံမျိုးတွေက သူတို့က ဟိုကြပ်လိုက်၊ ဒီကြပ်လိုက်နဲ့ လုပ်တယ်။ နောက်ဆုံးတော့ မီးမလာတာ PDF တွေကြောင့်ဆိုပြီး လက်ညှိုးထိုး လွှဲချ တာပေါ့” ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

လျှပ်စစ်မီးပြတ်တောက်ခြင်းများကြောင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် မီးစက်ကိုသာ အားကိုးနေပြီး မီးစက် မောင်းရန် စက်သုံးဆီဝယ်ယူခွင့်မှာလည်း စစ်ကောင်စီကကန့်သတ်ထား သည့်အပြင် ဈေးနှုန်းကြီးမြင့်များ ကြောင့်လည်း အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

ပြည်တွင်း၌ လျှပ်စစ်မီးများ ဆိုးဆိုးရွားရွား ပြတ်တောက်နေခြင်းမှာ အာဏာသိမ်းပြီးအချိန်ကတည်းကဖြစ်သည်/AFP

လက်ရှိတွင် စစ်ခေါင်းဆောင်က ယခင် NLD အစိုးရ လက်ထက်က လက်မှတ်ရေးထိုး ထားသည့် မြန်မာ- လာအိုနှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ၅ နှစ်တာ သက်တမ်းတိုးမြှင့်ပြီး လာအိုနိုင်ငံမှ လျှပ်စစ်ဝယ်ယူရန် ဆိုင်းပြင်းနေသည်။

အဆိုပါ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုပြုလုပ်ရန် Consortium of PISASAI Energy and Mine Investment Pte. Ltd. နှင့် Primus Sapphire Power Company Limited သို့ ပေးအပ်မည့် Notice to Proceed (NTP) ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်း စီမံကိန်းအရ လာမည့် ၂၀၂၄ တွင် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းသည် ကျိုင်းတုံမြို့ထိ လည်းကောင်း၊၂၀၂၆ တွင် မိတ္ထီလာမြို့ထိလည်းကောင်း ရောက်ရှိမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် အထောက်အကူပြုမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။

ယင်းသို့ လုပ်ဆောင်မည့် မြန်မာမှ Primus Sapphire Pow er Company Limited ၏ အုပ်ချုပ်မှု ဒါရိုက်တာမှာ ဦးကျော်လှဝင်းဖြစ်ပြီး ယင်းကုမ္ပဏီသည် စစ်လက်နက်ပွဲစား ဒေါက်တာ ထွန်းမင်းလတ်နှင့် ဆွေမျိုးတော်စပ်သူများ ပိုင်ဆိုင်သည်။

ဒေါက်တာ ထွန်းမင်းလတ်သည် မူးယစ်ဆေးဝါး ကုန်သွယ်မှု အပါအဝင် ငွေကြေးခဝါချမှုဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အမှုဖွင့်ခံထားရသူ ဖြစ်သည်။

ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တဦးက “ ခြုံပြောရင်တော့ ထူးပြီးကောင်းလာစရာ လမ်းမရှိဘူး။ သူက အခုမှ လုပ်မယ်ကြံကာရှိသေးတော့ ဘယ်က ပိုက်ဆံနဲ့ ဝယ်မယ်လုပ်မယ် ဆိုတာက သုံးနှစ်လောက် လိုဦးမှာ။ ဟိုဘက်က (လာအို)က လူက သူစိုက်မယ် ဆိုရင်တော့ လောလောဆယ်ငွေ မစိုက်ရသေးဘူးပေါ့။ ဓာတ်အားရရင် ပိုက်ဆံပြန်ကောက်မယ်။ အဲဒီမှာမှ စာချုပ် ချုပ်မယ် ဒါတွေ လာမှာ။ အဲဒီမှာတော့ ဘယ်လိုလုပ်မယ်ဆိုတာ သေချာ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ စီမံကိန်းသည် NLD အစိုးရလက်ထက်တွင် စတင်လုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီအနေနှင့် စီးပွားရေး ခရိုနီလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းက တိုင်းပြည်အတွက် လျှပ် စစ်အား ဖြည့်ဆည်းပေးရန် အာမခံချက် နည်းကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

တိုင်းပြည်၏ လျှပ်စစ်ဓာတ်အားကို ဖြည့်တင်းရန်မှာ အရာရာ တည်ငြိမ်အေးချမ်းမှု၊ ကျွမ်းကျင်သည့် ပညာရှင်များက တွက်ချက်ပြီးမှ နိုင်ငံတကာအကူအညီများဖြင့် တည်ဆောက်ယူရသည့် အခြေခံအဆောက်အဦး ဖြစ်ကြောင်း ၎င်းက ပြောသည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အရပ်သားတပိုင်းအစိုးရ နှစ်ခုအောက်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၄ ဆတိုးလာပြီး အိမ်ထောင်စုများအားလုံး၏ ၅၀ ရာခိုင်နှုန်းကို မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်ခဲ့သည်။ အမျိုးသားလျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်း (NEP) အရ ၂၀၂၀ မှစတင်ပြီး တနှစ်လျှင် အိမ်ထောင်စု ၅ သိန်း မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပေးပြီး ၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံးမှ မိသားစု ၁၀ သန်းကို လျှပ်စစ်ဓာတ်အားပေးမည့် စီမံကိန်းတခုကိုလည်း အကောင်အထည်ဖော်ခဲ့သည်။

ယခုအခါ NEP အတွက် ထိုမျှော်လင့်ချက်များနှင့် စီမံကိန်းများအားလုံး စုံးစုံးမြုပ်သွားပြီဖြစ်ပြီး လျှပ်စစ်မီးပြတ်တောက်မှုပြဿနာများကို ဖြေရှင်းပေးရန် စစ်ကောင်စီ၏ သက်ဆိုင်ရာမြို့နယ် လျှပ် စစ်ရုံးနှင့် ဌာနဆိုင်ရာများသို့ တိုင်ကြားမှုများ၊ လူမှုကွန်ရက်များမှတဆင့် ဝေဖန်ပြောဆိုမှုများမှာလည်း တနေ့ထက် တနေ့ မြင့်တက်လျက် ရှိနေသည်။

Source: ဧရာဝတီ

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English