လွန်ခဲ့တဲ့နှစ်ရက်လောက်က ရန်ကုန်၊ လှိုင်သာယာမှာရှိတဲ့ Fitex (Myanmar) Garment Manufacturing ကုမ္ပဏီပိုင် အထည်ချုပ်စက်ရုံမှာ စက်ချုပ်လုပ်သား ၄၀၀ ကျော်ကို အလုပ်ဖြုတ်လိုက်တယ်လို့သတင်း တွေမှာဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံကနေထွက်ခွာသွားတဲ့ နိုင်ငံခြားကုမ္ပဏီတွေအများအပြားရှိလာသ လို အလုပ်အကိုင်အခွင့်အလမ်းကလည်း နည်းသည်ထက်နည်းလာတယ်။ ပြည်သူတွေဟာ လုပ်ခလစာ မဖြစ်စလောက်နဲ့ရုန်းကန်ရှင်သန်နေကြရတယ်။ အလုပ်မရှိတော့ ခိုးဆိုးလုနှိုက်တွေပေါလာတယ်၊ လစာ နည်းတော့ ကြံမိကြံရာတွေကြံလာကြတယ်။ ကိုယ်ကျင့်တရားတွေပျက်ပြားလာတယ်။ မြန်မာနိုင်ငံဟာ နေသင့်တဲ့နိုင်ငံတစ်နိုင်ငံမဟုတ်တော့ဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


