Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အလီဘိုင် မင်းအောင်လှိုင် အာဏာလက်မလွှတ်ရေး ဉာဏ်များပုံ

ထပ်မံပေါ်ပေါက်လာမည့် စစ်ရာဇဝတ်မှုများ၊ စစ်ကောင်စီ သက်တမ်းတိုးခြင်းများအတွက် အာဏာသိမ်းခေါင်းဆောင်တွင် အကြောင်းပြချက် အသင့်ရှိနေသည်။

March 21, 2023
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

မင်းအောင်လှိုင်တွင် ဉာဏ်များသော ရာဇဝတ်ကောင် တစ်ယောက်၏ စိတ်ဓာတ်မျိုး (Criminal Mind) ရှိသည်။ ထို့ကြောင့် “အလီဘိုင် မင်းအောင်လှိုင်” ဟု သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။

“အလီဘိုင်” ဆိုသည်မှာ အင်္ဂလိပ်ဝေါဟာရ “Alibi” ကို မြန်မာလို အသံထွက် ခေါ်ဆိုခြင်း ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ တစ်စုံတစ်ယောက်သည် ပြစ်မှုတစ်ခုကို ကျူးလွန်ရန် ကြံစည်သည့်အခါ ထိုကျူးလွန်မှုအတွက် တရားခံ မဖြစ်စေရန် “အလီဘိုင်” ပြနိုင်မည့် သက်သေအထောက်အထားကို စနစ်တကျ ကြိုတင်တည်ဆောက် ချန်ထားရစ်ခဲ့ခြင်းကို ခေါ်သည်။

မင်းအောင်လှိုင်တွင် ထိုကဲ့သို့ ဗီဇရှိသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။

အာဏာသိမ်းရန် မင်းအောင်လှိုင် ကြိုတင်တည်ဆောက်ခဲ့သော “အလီဘိုင်”

၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားသည့် ရလဒ် ထွက်လာသည့်အခါ မင်းအောင်လှိုင်သည် အာဏာသိမ်းရန် စတင် ကြံစည်သည့်အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုကြောင့် မဲမသမာမှုများ ရှိနိုင်သဖြင့် မဲများကို ပြန်စစ်ဆေးပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းသည့်နေ့မှ ယနေ့အချိန်ထိ ထိုစဉ်က ၎င်း၏ တောင်းဆိုခဲ့မှုများကို မည်သူကမျှ မဖြေရှင်းပေးသည့်အတွက် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ရပါသည်ဟု မိန့်ခွန်းပြောတိုင်း အကြိမ်ကြိမ် ထည့်သွင်းပြောဆိုလျက်ရှိသည်။

ယင်းလုပ်ရပ်သည် အာဏာသိမ်းရန် ကျူးလွန်မှုအတွက် “အလီဘိုင်” ပြရန် အာဏာမသိမ်းမီကတည်းက မင်းအောင်လှိုင် ကြိုတင်တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အာဏာသိမ်းမှု ကျူးလွန်ထားခြင်းကို ဥပဒေအကာအကွယ်ယူရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ “အာဏာထိန်း” ခြင်းသာ ဖြစ်သည်ဟု ဉာဏ်များပုံကို တွေ့မြင်ရသည်။ ထိုသို့ ဉာဏ်များပြီး အာဏာသုံးရပ်ကို ချုပ်ကိုင်လာရင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သက်တမ်းကုန်ပြန်သည်။

ရွေးကောက်ပွဲရွှေ့ဆိုင်းရန် မင်းအောင်လှိုင် ကြိုတင်တည်ဆောက်ခဲ့သော “အလီဘိုင်”

အမှန်စင်စစ် ခြေ/ဥ၏ အရေးပေါ်ကာလပြဋ္ဌာန်းချက်အတိုင်း အရေးပေါ်ကာလ ၂ နှစ် အုပ်ချုပ်ပြီးနောက် နောက် ၆ လအကြာ ၂၀၂၃ ခုနှစ် ဩဂုတ်တွင် ရွေးကောက်ပွဲလုပ်ပေးမည်ဟု မင်းအောင်လှိုင် အတိအလင်းပြောခဲ့ဖူးသည်။

သို့သော် တိုင်းပြည်ကို ရစရာမရှိအောင် ဖျက်ဆီးထားပြီး၊ ကတိပေးထားခဲ့သလို ရွေးကောက်ပွဲကျင်းပရန်လည်း မဖြစ်နိုင်သည့် အခြေအနေတွင် ခြေ/ဥအရ အာဏာသုံးရပ်လုံးကို ဒု-သမ္မတ မြင့်ဆွေလက်ထဲလည်း ပြန်မအပ်ရဲပေ။ ထို့ကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်နှင့် အာဏာသုံးရပ်စလုံး ဆက်လက်ချုပ်ကိုင်ထားနိုင်ရန် မင်းအောင်လှိုင် ကြိုတင်ကြံစည်ခဲ့သည်။

ဥပမာအားဖြင့် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် လအတော်ကြာကတည်းက မင်းအောင်လှိုင် ကြံစည်ခဲ့သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလဆန်းက ရုရှားနိုင်ငံတွင် ကျင်းပခဲ့သော အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တတ်ရောက်ရန် သွားစဉ် ရုရှားနိုင်ငံပိုင် RIA သတင်းဌာနနှင့် အင်တာဗျူးတွင် ရွေးကောက်ပွဲ ကျင်းပရန် မသေချာကြောင်း အကြောင်းပြချက်များကို ပြောကြားခဲ့ပြီး ကြိုတင်၍ “အလီဘိုင်” ပေးထားခဲ့သည်။

ထိုအချက်ကို တွေ့ရှိခဲ့သဖြင့် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ထင်ရှားလာ ဆိုသည့် ခေါင်းစဉ်ဖြင့် မြန်မာနောင်းက ကြိုတင်ရေးသား သတိပေးခဲ့ဖူးသည်။

ထို့အပြင် ဗိုလ်ချုပ်ဟောင်းလည်းဖြစ် ကြံ့ခိုင်ရေးပါတီ၏ မင်းကင်းမြို့နယ် လွှတ်တော်အမတ်ဟောင်း မောင်မြင့်က စစ်ကောင်စီသက်တမ်းမပြည့်မီ ခပ်စောစောအချိန်ကတည်းက ခြေ/ဥ ပုဒ်မ ၄၂၅ တွင် ဖော်ပြထားသော “သာမန်အားဖြင့်” ဆိုသည့် စကားရပ်အား ထောက်ပြပြီး၊ ယခုအချိန်သည် တိုင်းပြည်မတည်ငြိမ်သေး၍ သာမန်အချိန်မဟုတ်ဟု “အလီဘိုင်” တည်ဆောက်ပေးခဲ့သည်။

ထိုအချက်ကို မင်းအောင်လှိုင်က အကြောင်းပြချက် တစ်သဝေမတိမ်း ပေးပြီး ၎င်း၏ အာဏာသက်တမ်းကို နောက်ထပ် ၆ လ တိုးရန် ခြေ/ဥကို ဒုတိယအကြိမ် ဗြောင်ကျကျ ချိုးဖောက်ပြန်သည်

ဒု-သမ္မတ မြင့်ဆွေခိုင်းလို့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ရကြောင်း “အလီဘိုင်”

မင်းအောင်လှိုင်သည် တိုင်းပြည်မတည်ငြိမ်သေး၍ ၎င်း၏ အာဏာသက်တမ်းကို ၆ လ တိုးပေးရန် ပြောဆိုခဲ့ခြင်းကြောင့်၊ သက်တမ်းတိုးပြီးသည်နှင့် စစ်ကောင်စီကို အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ မတည်ငြိမ်သော မြို့နယ်များကို စစ်အုပ်ချုပ်ရေး ဆက်တိုက် ကြေညာခဲ့သည်။

အဓိပ္ပာယ်မှာ ထိုမြို့နယ်များတွင် မင်းအောင်လှိုင်၏ လက်ပါးစေ စစ်တပ်က အကြမ်းဖက်မှုများကို ပို၍ ပြုလုပ်မည်ဖြစ်သောကြောင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ပိုမို များပြားလာမည် ဖြစ်သည်။

ထိုအခြေအနေကို သိထားသော မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ရခြင်းကို “ယာယီသမ္မတကြီးက မေတ္တာရပ်ခံခဲ့ခြင်းကြောင့် အချို့သော မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်၍ တည်ငြိမ်အေးချမ်းရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း” ဟု စစ်ကောင်စီအစည်းအဝေးတွင် ဦးမြင့်ဆွေကို ထိုးချသွားခဲ့သည်။

တိုင်းပြည်တွင် ဖြစ်ပျက်နေသမျှ ၎င်းတွင် တာဝန်ရှိသည်ဟု ယောက်ျားပီပီ မည်သည့်အခါကမျှ တာဝန်ယူ တာဝန်ခံလေ့ မရှိတတ်သော မင်းအောင်လှိုင်သည် ဤတစ်ကြိမ်တွင်လည်း စစ်အုပ်ချုပ်ရေးမြို့နယ်များတွင် ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်လာပါက ဒု-သမ္မတ ဦးမြင့်ဆွေက မေတ္တာရပ်ခံခြင်းကြောင့်ဟု “အလီဘိုင်” တည်ဆောက်ထားခြင်း ဖြစ်သည်။

ထိုမျှနှင့် မပြီးပါ။ ၎င်း ထပ်မံတိုးချဲ့လိုက်သည့် အာဏာသက်တမ်း ၆ လ ဆိုသော အချိန်ကာလမှာ တိုတောင်းလှသည်။ မကြာခင် ထပ်မံတိုးပေးရန် မင်းအောင်လှိုင်က ဒု-သမ္မတ မြင့်ဆွေထံ ထပ်မံတောင်းဆိုရပေဦးမည်။ ဤတစ်ကြိမ်တွင်လည်း ကြည်း၊ ရေ၊ လေ စစ်တပ်ကြီးတစ်ခုလုံးကို ဦးစီးနေသော မင်းအောင်လှိုင်အတွက် တိုင်းပြည်မတည်ငြိမ်သေး၍ဟု အကြောင်းပြလျှင် ရှက်ဖွယ်အလီလီ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် စစ်ကောင်စီအဖွဲ့ဝင်သစ်များကို ပြောကြားသည့် မိန့်ခွန်းတွင် ၎င်း၏အာဏာသက်တမ်းကို လာမည့် ဩဂုတ်လ ၁ ရက်နေ့တွင် ထပ်မံတိုးရန် နောက်ထပ်အကြောင်းပြချက်အသစ်တစ်ခုကို မင်းအောင်လှိုင် ကြိုတင်၍ “အလီဘိုင်” တည်ဆောက်သွားသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်း အကြောင်းပြချက်ဖြင့် အာဏာသက်တမ်းဆွဲဆန့်ရန် ကြံစည်

ဖေဖော်ဝါရီ ၂၃ ရက်နေ့ စစ်ကောင်စီအစည်းအဝေးတွင် မဲစာရင်း တိကျမှန်ကန်ရေးအတွက် “ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူရန် လိုအပ်မည်ဖြစ်ကြောင်း” ပြောဆိုခဲ့ခြင်းက မင်းအောင်လှိုင်သည် ၎င်း၏အာဏာသက်တမ်းကို အကန့်အသတ်မရှိ ဆွဲဆန့်ရန် “မဲစာရင်း” ကို ထပ်မံအကြောင်းပြဖွယ်ရှိလာသည်။

ထို “မဲစာရင်း” မှားယွင်းမှု အကြောင်းပြချက်ဖြင့်ပင် အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်သည် မဲစာရင်းမှန်ကန်ရေးကို အကြောင်းပြပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူတော့မည် မဟုတ်ပါလား။ သို့ဖြစ်ပါက ရွေးကောက်ပွဲကျင်းပရေး ဆိုသည်မှာ ၂၀၂၄ ခုနှစ်အတွင်းပင် မသေချာနိုင်ပါ။

မဲစာရင်းသည် လူဦးရေစာရင်းအပေါ်တွင် အခြေခံထားပြီး၊ လူဦးရေစာရင်းသည် သန်းခေါင်စာရင်းအပေါ်တွင် အခြေခံထားသည်။ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုကို ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂအကူအညီဖြင့် ကောက်ယူခဲ့သည်။ ၁၉၈၃ ခုနှစ်နောက်ပိုင်း ကောက်ယူခဲ့သော သန်းခေါင်စာရင်းဖြစ်၍ နှစ်ပေါင်း ၃၀ ကြာပြီးမှ ကောက်ယူခြင်း ဖြစ်သည်။

လူဦးရေဆိုသည်မှာ နေ့စဉ် မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့ ရှိနေသဖြင့် အမြဲပြောင်းလဲနေသည်။ မြန်မာနိုင်ငံသည် တစ်နေရာမှ တစ်နေရာသို့ လူဦးရေပြောင်းရွှေ့မှုနှုန်း (Population mobility) မြင့်မားသောကြောင့်လည်း ဒေသတစ်ခုအတွင်းရှိ လူဦးရေမှာလည်း အမြဲပြောင်းလဲနေသည်။

ထို့အပြင် မဲစာရင်းဆိုသည်မှာ အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသူ ဦးရေဖြစ်ပြီး၊ အဆိုပါ လူဦးရေမှာ နေ့စဉ် အပြောင်းအလဲရှိနေသဖြင့် တိကျသော မဲစာရင်းဖြစ်ရေးမှာ လွန်စွာ မလွယ်ကူသောကိစ္စ ဖြစ်သည်။

ထိုကဲ့သို့ အခြေအနေတွင် လူဦးရေကို အခြေခံသော မဲဆန္ဒနယ်သတ်မှတ်ပြီး အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးရန် ကြံစည်မှုသည် မြန်မာလို နိုင်ငံမျိုးအတွက် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် အလွန်ခက်ခဲပါလိမ့်မည်။

သို့သော် လူဦးရေနှင့် မဲစာရင်းသည် မင်းအောင်လှိုင်အတွက် အာဏာသိမ်းရန် အကြောင်းပြချက်ဖြစ်ခဲ့သလို၊ အာဏာသိမ်းမှု မအောင်မြင်သည့်အခါ အာဏာကို ရေရှည်ဆွဲဆန့်ရန် အကြောင်းပြချက်ကောင်းအဖြစ် ဆက်လက် အသုံးတော်ခံနေပုံကို လေ့လာတွေ့ရှိရပါသည်။

လာမည့် ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီသက်တမ်း ၆ လ ထပ်မံတိုးမည်ဖြစ်သည်။ ထိုအခါ အခြားအကြောင်းပြချက်ကောင်း မရှိပါက မဲစာရင်းမှန်ကန်ရေးအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန် သက်တမ်းတိုးမည်ဟု ဆင်ခြေပေးဖွယ် ရှိနေသည်။

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

 

Related Posts

စစ်ကောင်စီ ရွေးကောက်ပွဲ မဟုတ်သည့် အခြားနိုင်ငံရေးထွက်ပေါက် 
သုံးသပ်ချက်များ

စစ်ကောင်စီ ရွေးကောက်ပွဲ မဟုတ်သည့် အခြားနိုင်ငံရေးထွက်ပေါက် 

June 17, 2025

ရွေးကောက်ပွဲပြီးတိုင်း အနှစ် ၃၀ တစ်ကြိမ်ဆိုသလို စစ်အာဏာသိမ်းနေပြီး...

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English