စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နယ်ရွှေပြည်အေးမြို့သစ်ဘက်ကတိုက်ပွဲတွေမှာစစ်တပ်ကရဟတ်ယာဉ်တစ်စီးကိုPDFတွေပစ်ချနိုင်ခဲ့တယ်။ထိုဒေသမှာဖေဖော်ဝါရီလ၁ရက်နေ့ကတည်းကတိုက်ပွဲတွေပြင်းထန်နေပြီးရွှေပြည်မြို့သစ်ကိုPDFတွေထိန်းချုပ်ထားနိုင်ခဲ့တယ်။ဒီနေ့မှာတော့စစ်တပ်ဘက်ကသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့တယ်။၂၀၂၁နောက်ပိုင်းမှာPDFတွေဘက်ကပထမဆုံးပစ်ချနိုင်တဲ့ရဟတ်ယာဉ်ပဲ။ဘာလက်နက်နဲ့ပစ်ချခဲ့တယ်ဆိုတာကိုတော့ထုတ်မပြောသွားဘူး။ဒီတကြိမ်နဲ့ဆိုတော်လှန်ရေးကာလမှာစစ်တပ်ဘက်ကရဟတ်ယာဉ်တွေကိုဖျက်စီးနိုင်တာသုံးစီးရှိသွားပြီ။၂၀၂၁မှာပဲကချင်ပြည်နယ်မှာKIAကတစ်စီးပစ်ချခဲ့တယ်။၂၀၂၂မှာတော့ချင်းပြည်နယ်ဖက်မှာတစ်စီးပျက်ကျခဲ့တယ်။အခု၂၀၂၃နှစ်ဦးပိုင်းမှာပဲနောက်ထပ်တစ်စီးကိုပစ်ချနိုင်ခဲ့ပြီလေ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


