စစ်ကောင်စီကတိုင်းဒေသကြီးလေးခုနဲ့ပြည်နယ်လေးခုကမြို့နယ်၃၇မြို့နယ်ကိုစစ်အုပ်ချုပ်ရေး(မာရှယ်လော) ကြေငြာလိုက်ပါတယ်။ စစ်ကိုင်းတိုင်းက ၁၁ မြို့နယ်၊မကွေးတိုင်းက ၅ မြို့နယ်၊ ပဲခူးတိုင်းက ၅ မြို့နယ်၊ တနင်္သာရီတိုင်းက ၂ မြို့နယ်၊ ချင်းပြည်နယ်က ၇ မြို့နယ်၊ မွန်ပြည်နယ်က ၁ မြို့နယ်၊ ကရင်ပြည််နယ်က၂မြို့နယ်နှင့်ကယားပြည်နယ်က၄မြို့နယ်တို့ပါဝင်ပါတယ်။ဟိုတနေ့ကပြောခဲ့သလိုဒါဟာထိုဒေသတွေကိုစစ်ကောင်စီအနေနဲ့ထိန်းချုပ်လို့မရတော့ဘူးဆိုတာဝန်ခံလိုက်တာပဲ။ထို့အပြင်ကာလုံအစည်းအဝေးမှာလဲမင်းအောင်လှိုင်ကတနိုင်ငံလုံးမှာမြို့နယ်၁၅၇ခုကိုတင်းတင်းကျပ်ကျပ်ထိန်းချုပ်ဖို့လိုလိမ့်မယ်လို့ပြောသွားသေးတယ်။အဲဒီမြို့နယ်တွေဟာPDFတွေနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်မှုလက်အောက်ကို ရောက်ရှိနေပြီးသား မြို့နယ်တွေ ဖြစ်တဲ့အတွက် အခုလို စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာပကတိအခြေအနေနဲ့လွဲမှားနေတဲ့အရှက်ပြေလုပ်ရပ်သာဖြစ်တယ်။မာရှယ်လောမကလို့ဘာပဲထုတ်ထုတ်ထိုဒေသတွေကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်လို့မရတော့တာတော့သေချာတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


