ဧရာဝတီတိုင်း၊ပုသိမ်အကျဉ်းထောင်မှာစစ်ကောင်စီတပ်ဖွဲ့တွေကအကြမ်းဖက်ပစ်ခတ်လို့နိုင်ငံရေးအကျဉ်းသား၁ဦးသေဆုံးကာ၉ဦးဒဏ်ရာရရှိသွားတယ်။နိုင်ငံရေးအကျဉ်းသားတစ်ယောက်ဆီကဖုန်းတစ်လုံးတွေ့ရှိခဲ့လို့စတင်ရိုက်နှက်ခံရတယ်လို့ပြောသလိုနိုင်ငံရေးအကျဉ်းသားတစ်ဦးကိုသေဒဏ်စီရင်ဖို့လုပ်နေတုန်းကျန်တဲ့အကျဥ်သားတွေဆန္ဒပြခဲ့ရာကစတယ်လို့လဲကြားတယ်။ထောင်ထဲမှာဖမ်းဆီးသွားတဲ့အကျဉ်းသားကိုပြန်လွှတ်ပေးဖို့တောင်းဆိုရာမှထောင်ဆူပူမှုဖြစ်ပွားခဲ့ရာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီးသေနတ်နဲ့ဖြိုခွင်းပစ်ခတ်ခဲ့တယ်။လက်ရှိအချိန်မှာနိုင်ငံရေးအကျဉ်းသားတွေဆိုရင်ထောင်တွင်းမှာတရားဝင်သားသတ်လိုင်စင်ရနေသလိုပဲ။သူတို့ကိုသတ်ရင်ဘာအရေးယူမှုမှမရှိဘူး။တာဝန်ရှိသူတွေကအဆင့်ဆင့်လိမ်ညာဖုန်းကွယ်ပေးကြတယ်။ဆူပူမှုမှာပါဝင်တဲ့သူတွေကိုလဲရိုက်နှက်ခဲ့တယ်။ပြီးတော့တနေကုန်နေလှမ်းထားတယ်လို့သိရတယ်။ထောင်ထဲမှာမို့အပြင်ကိုသတင်းထွက်လေ့မရှိတာကြောင့်စစ်ကောင်စီဟာထောင်တွင်းအကြမ်းဖက်မှုတွေကိုရက်ရက်စက်စက်ကျူးလွန်နေတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။