Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက လူနေအိမ် ၄၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု NUG မီးသတ်ဦးစီးဌာနထုတ်ပြန်

January 1, 2023
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

စစ်ကောင်စီက လူနေအိမ် ၄၁,၀၀၀ ကျော်ကို ၂၀၂၂ ခုနှစ်အတွင်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု NUG မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

စစ်ကောင်စီ ကျူးလွန်ခဲ့သည့် မီးရှို့ဖျက်ဆီးသည့် အမှု ပေါင်း ၁,၀၅၈ မှု တွင် လူနေအိမ်ခြေပေါင်း ၄၁,၃၅၅ လုံးကျော် ပျက်စီးခဲ့သည်ဟု NUG ကဆိုသည်။

NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန

မီးသတ်ဦးစီးဌာနက လွတ်လပ်သော မီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထု ပေးပို့လာသည့် အချက်အလက်များကို စိစစ်ကာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

၂၀၂၂ခုနှစ် ဇန်နဝါရီ ၁ရက်မှ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ

တစ်နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ခဲ့သော မီးရှို့ဖျက်ဆီးမှုများမှာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်သည်ဟု NUG မီးသတ်ဦးစီးဌာနက ဆိုသည်။

စစ်ကိုင်းတိုင်းတွင် နေအိမ် ၃၁,၄၀၀ လုံးကျော်၊ မကွေးတိုင်းတွင် နေအိမ် ၈,၅၀၀ ကျော်နှင့် မန္တလေးတိုင်းတွင် နေအိမ် ၄၈၀ ကျော် မိးရှို့ခံခဲ့ရသည်ဟု NUG က ထုတ်ပြန်သည်။

ထုတ်ပြန်သည့်စာရင်းမှာ သတင်း ပေးပို့မှုများကို အခြေခံ ထားခြင်းဖြစ်ပြီး မြေပြင်တွင် ဖျက်ဆီးခံရသည့် အိမ်အရေအတွက်မှာ ပိုများနိုင်သည်ဟု NUG က ဆိုသည်။

NUG ၏ စာရင်းအရ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၅ ခုအနက် ၁၂ ခုတွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီက အညာဒေသဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်း မီးရှို့မှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များက အပြင်းအထန် ခုခံလျက်ရှိသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

Source: မဇ္ဈိမ

Related Posts

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို
သတင်း

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို

November 30, 2023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် အောက်တိုဘာလ ၁၉ ရက်နေ့...

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်
သတင်း

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

November 25, 2023

မေး။ ။ မြစ်ကြီးနား- ဗန်းမော် လမ်းမပေါ်က စစ်ကောင်စီ...

ဗကပ၏ ရက်၄၀ကျော်ကြာတိုက်ခိုက်မှု ကာကွယ်နိုင်ခဲ့သည်ဆိုသော ကွမ်းလုံမြို့အားစစ်ကောင်စီတပ်က၁၂ရက်အကြာတွင်လက်လွှတ်ဆုံးရှုံးရ
သတင်း

ဗကပ၏ ရက်၄၀ကျော်ကြာတိုက်ခိုက်မှု ကာကွယ်နိုင်ခဲ့သည်ဆိုသော ကွမ်းလုံမြို့အားစစ်ကောင်စီတပ်က၁၂ရက်အကြာတွင်လက်လွှတ်ဆုံးရှုံးရ

November 22, 2023

ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သံချပ်ကာယာဉ်များ၊ အမြောက်များနှင့် လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့မှုအပါအဝင်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist