Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

သမိုင်းကို ကိုယ်တိုင်ရေးနိုင်ဖို့

December 25, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

မြစ်ကြီးနားမှာ စောက်ပုက ဘာပြောသတုန်းဆိုတော့ သူအာဏာသိမ်းခါစ ဘယ်နိုင်ငံကမှ မကူညီလို့ အရမ်းဒုက္ခရောက်ခဲ့ရတဲ့အကြောင်း ပြောပြတယ်၊ “အဲဒါတွေပြောပြရင် ခင်ဗျားတို့ မျက်ရည်ပါကျသွားမယ်” ဆိုပဲ။ ကိုယ်ကတော့ မျက်ရည်တင်မကဘူး သုတ်ရည်တွေပါထွက်ပြီး အလိုအလျောက် သူ့ပါးစပ်ထဲတန်းထည့်လိုက်မိမှာပဲ။

သို့သော်လည်းဒါဟာ ရယ်မောစရာတော့ မဟုတ်ဘူး။ ဒါဟာ အကယ်၍ တော်လှန်ရေးကြီးများ ငါတို့ မနိုင်ခဲ့ရင် ဆိုတဲ့”သောက”ကို ရစေတဲ့စကားဖြစ်တယ်။ ကိုယ်တို့ မနိုင်ခဲ့ရင် ဒီလိုစောက်တလွဲ တွေကို သေတဲ့အထိ နားထောင်နေရတော့မယ် မဟုတ်လား။

တဖြည်းဖြည်းနဲ့ ဒီစောက်တလွဲ ပေါက်ကရ စကားတွေဟာ နိုင်ငံပိုင်သတင်းစာ မျက်နှာဖုံးတွေမှာ ပါလာမှာဖြစ်ပြီး ကိုယ်တို့စိတ် ထဲမှာလည်း ဟုတ်သယောင်ယောင် ထင်လာမယ်၊ အဲဒီကနေတစ်ဆင့် ကိုယ်တို့ရဲ့ နောက်မျိုး ဆက်ဟာ ဒါတွေကို ထာဝရအမှန်တရားအဖြစ် ထင်သွားတော့မယ်။

သူ့ဖာသာ အာဏာရူးပြီး ကိုယ်ကျိုးစီးပွားအလို့ငှာ အာဏာသိမ်းတဲ့ကိစ္စမှာ ဘယ်သူက သူ့ကို ကူညီရမှာတဲ့တုန်း၊ ဒါကိုပဲ သူက ရပိုင်ခွင့်တစ်ခု မရလို့ ဆိုတာမျိုးနဲ့ စဉ်းစားနေတာ မြင်မိတယ် မဟုတ်လား။ ရှေ့စကား နောက်စကားတွေ ဘယ်လောက် ညီညွတ်လည်း စဉ်းစားကြည့်။

ဘယ်သူ့အကူအညီမှမပါပဲ ကြံ့ကြံ့ခံရပ်တည်လာခဲ့တာ အခုဆို စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက် တော့မယ်၊ ပြည်ပကြွေးမြီတွေလည်းမရှိတော့ဘူး၊ ဘယ်နိုင်ငံတကာ အထောက်အပံ့မှ မပါပဲ ကိုယ့်ဖာသာ ရပ်တည်နိုင်ခဲ့ပြီ ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ သူပြောထားတာ ဘာကြာသေးလို့လဲ။

အခုကျ ဘယ်သူမှ မကူညီလို့ ဒုက္ခတွေရောက်ခဲ့ကြရတာ ခင်ဗျားတို့ ကြားရင် မျက်ရည်ပါကျသွား မယ်ဆိုပဲ ပြောပြန်ရော။ ငါလုပ်ချင်တာလုပ်မယ်၊ ငါ့ကိုကူညီဖို့ မင်းတို့မှာ တာဝန်ရှိတယ် ဆိုတဲ့စိတ်ကို ခင်ဗျားတို့ မြင်ကြ သလား၊ ဆိုလိုချင်တာကတော့ သူလုပ်တာ အကုန်မှန်တယ် ဆိုတာပဲဗျ၊ ဘယ်တော့မှ အမှားကို ဝန်ခံပြောဆိုမှာ မဟုတ်သလို ဘယ်တော့မှလည်း မှားတယ်လို့ ထင်မှာမဟုတ်ဘူး။ သူတို့ပဲ အမြဲ မှန်နေပြီး ခင်ဗျားတို့ပဲ မှားနေကြတာလို့ ဆိုလိုနေတာပဲ။ သူအာဏာသိမ်းတယ် ဆိုတဲ့ အမှားကို မမြင်ဘူး၊ သူ့ကို မကူညီကြဘူးဆိုတာကိုပဲ အပြစ်ကိုမြင်တယ်၊ သူ့အမှားမဟုတ်ဘူး မကူညီကြတဲ့ လူတွေက စောက်ကျင့်မကောင်းတာ သူ့ကိုသက်သက်မဲ့ မနာလိုနေတာ သူ့ကို သက်သက်မဲ့ ယုတ်မာနေတာ ဆိုတဲ့ စိတ်အခံနဲ့ စဉ်းစားတာ။

ဒါဟာ ဒီတော်လှန်ရေးသာ မအောင်မြင်ခဲ့ရင် နောင်အနာဂတ်အဆက်ဆက် သမိုင်းစာမျက်နှာ တွေထက်မှာ သူတို့ထင်ရာမြင်ရာ ပြောဆိုရေးသားကြရင်းနဲ့ အမှားတွေကို အမှန်ဖြစ်အောင် လုပ်သွားကြမယ့် ခြေလှမ်းတွေပဲ။ ဗဟိုဘဏ်က ပြုတ်သွားတဲ့ ဝင်းသော် ဘာပြောခဲ့သတုန်း မှတ်မိကြလား၊ အဲဒီ ATM စက်တွေမှာ တန်းစီပြီး ငွေထုတ်နေကြတဲ့ လူအုပ်ကြီးက နိုင်ငံရေးအရ မသမာမှုတွေ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေကြတာ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ငွေကြေးဈေးကွက်တည်ငြိမ်ရေးကို ဖျက်လိုဖျက်ဆီး လုပ်နေကြတာ ဆိုပြီး လက်ညှိုးငေါက်ငေါက်ထိုး ပြောခဲ့တာလေ။ မိဘတွေ ဆေးရုံမှာ သေရေးရှင်ရေးဖြစ်နေတုန်း ရုတ်တရက်ကြီး ငွေထုတ်မရလို့ သောကတွေနဲ့ လာတန်းစီနေရတဲ့လူတို့၊ အိမ်ငှားခပေးမလို့ဟာ ရုတ်တရက်ကြီး ငွေထုတ်မရလို့ မျက်ရည်တွေနဲ့ လာတန်းစီနေရတဲ့လူတို့၊ စသည်ဖြင့် ဒုက္ခတွေအသီးသီးနဲ့ ကိုယ်စီကိုယ်စီ အပူတွေနဲ့ လာတန်းစီ နေကြရတာကို အဲဒီ စစ်အာဏာရှင်စရိုက်ရှိတဲ့လူတွေက မမြင်ဘူး၊ မသိဘူး၊ မကြားဘူး။ သူတို့ စိတ်ထဲမှာ မြင်နေတာက သူတို့ကို ကလန်ကဆန်လုပ်တာပဲ၊ သူတို့ကို မနာလိုလို့ သွေးထိုး လှုံ့ဆော်ကြတာပဲ လို့ပဲမြင်ကြတာ။ ပြည်သူဟာ သူတို့မျက်လုံးထဲမှာ အဖျက်သမားတွေပဲ။

 

ဆိုကြပါစို့ အကယ်၍ ဒီတော်လှန်ရေးကြီးသာ မအောင်မြင်ခဲ့ရင် –

“တပ်မတော်အနေဖြင့် ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန် တာဝန်ရှိသည့် အလျောက် NLD အစိုးရ၏ ရွေးကောက်ပွဲမသမာမှုများနှင့် နိုင်ငံရေးကလိန်ကျမှုများကို စေ့စပ် ညှိနှိုင်းခြင်းဖြင့် အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း၊ စည်းလုံးညီညွတ်မှုပြိုကွဲကြမည့်အရေး၊ နိုင်ငံ ရေးပါတီများ ပြိုကွဲကြမည့်အရေးနှင့် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်မည့် အရေးတို့ကို ရွေးကောက်ပွဲမသမာမှုများဖြင့် NLD အစိုးရမှ ကျူးလွန်ခဲ့သဖြင့် တပ်မတော်မှ မလွဲမရှောင်သာပဲ နိုင်ငံတော်အာဏာကို ခေတ္တထိန်းသိမ်းခဲ့ရကြောင်း”

“တပ်မတော်အနေဖြင့် နိုင်ငံရေးကိစ္စများကို နိုင်ငံရေးပါတီများနှင့်သာ လွှဲအပ်ထားလိုသော်လည်း NLD ပါတီနှင့် ထိုအချိန်က NLD အစိုးရတို့၏ နိုင်ငံတော်ပြိုကွဲစေရန်ဆောင်ရွက်မှုများ၊ အနောက် နိုင်ငံများ၏ လက်ဝေခံအစိုးရအဖြစ် နိုင်ငံတော်လျှို့ဝှက်ချက်များကို ပေါက်ကြားစေခဲ့ခြင်းများ၊ ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် မသမာမှုပြုလုပ်ခြင်းများကို ပြောင်ပြောင်တင်းတင်းကျူးလွန် ခဲ့ပြီး တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားခြင်းများ ကျူးလွန်ခဲ့သဖြင့် တပ်မတော်မှ မလွှဲမရှောင် သာပဲ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း”

“တပ်မတော်အနေဖြင့် လုပ်သင့်လုပ်ထိုင်သည်များကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ် တကျ သမာသမတ်ကျကျ ဆောင်ရွက်ခဲ့သော်လည်း ခေတ်သစ်ကိုလိုနီဝါဒကို လက်ကိုင်ပြုထား ကြသည့် နိုင်ငံကြီးများနှင့် နိုင်ငံတော်၏အကျိုးစီးပွားကို ဝမ်းမြောက်နိုင်ခြင်းမရှိသည့် ပြည်ပနိုင်ငံ များက ကောက်ကျစ်သောနည်းလမ်းများဖြင့် သံတမာန်ကျင့်ဝတ်များကို ချိုးဖောက်ကာ မြန်မာ နိုင်ငံကို အကြပ်အတည်းအတွင်း ကျရောက်စေခဲ့ကြကြောင်း၊ အလားတူပင် NLD အစွန်းရောက် များနှင့် ကွန်မြူနစ်အစွန်းရောက်များက ရပ်ရွာတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင် ရွက်နေသော တပ်မတော်ကို အကြမ်းဖက်တုံ့ပြန်ကြရန် ရိုးသားသော ပြည်သူများနှင့် လူငယ် ကျောင်းသားများကို သွေးထိုးလှုံ့ဆော်ခဲ့ကြပြီး အကြမ်းဖက်အဖွဲ့အစည်းများ ပေါ်ပေါက်လာရေး အကြမ်းဖက်မှုများ ဆောင်ရွက်ရေးတို့အတွက် ဆောင်ရွက်ခဲ့ကြကြောင်း”

“အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NLD, NUG, CRPH နှင့် PDF များသည် အေးချမ်းစွာ နေထိုင်ကြသည့် ပြည်သူများအား အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ ကျေးရွာ များကို မီးရှို့ဖျက်စီးခြင်း၊ သံဃာတော်များကို သတ်ဖြတ်ခြင်း၊ ဆေးရုံ စာသင်ကျောင်း ဘုရား စေတီ ဘုန်းတော်ကြီးကျောင်းများပါမကျန် ဖျက်စီးတိုက်ခိုက်ခြင်း အစရှိသည့် အကြမ်းဖက်မှုမျိုး စုံကို ရက်ရက်စက်စက် ရမ်းကားစွာ ဆောင်ရွက်ခဲ့ကြကြောင်း၊ ဤကဲ့သို့ မင်းမဲ့စရိုက် ထွန်းကား လာသည့် အခြေအနေများကို တပ်မတော်အနေဖြင့် နှစ်ကာလများစွာ အချိန်ယူ၍ အင်အားသုံး ဖြေရှင်းခဲ့ရပါကြောင်း၊ ယနေ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးသို့ လျှောက်လှမ်းရသည့် ခရီးတွင် အနောက်နိုင်ငံကြီးများ၏ ပိတ်ဆို့မှုများ၊ ထိုအချိန်က ပြည်တွင်း အကြမ်းဖက် သောင်းကျန်းမှုများကို ဖြေရှင်းခဲ့ရသည့် ပြဿနာများကြောင့် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရခြင်း ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အဘက်ဘက်မှ တိုးတက်စေရန် နေ့မအား ညမနား ဆောင်ရွက်နေသည့်တိုင် အတိတ်က ဖြစ်ရပ်များကြောင့် ထိုက်သင့်သော ဖွံ့ဖြိုးတိုးတက် မှုကို ရရှိရန် နှောင့်နှေးနေရခြင်းသာဖြစ်ကြောင်း”

အဲဒီလိုတွေ အဲဒီလိုတွေ ခင်ဗျားတို့ ကျွန်တော်တို့ နောက်မျိုးဆက်ရဲ့ စာသင်ခန်းထဲက စာအုပ်တွေမှာ သင်ကြရလိမ့်မယ်။

အခု ခင်ဗျားတို့ မျက်စိရှေ့မှာတင် ကြုံတွေ့ခဲ့ကြရတဲ့ မြို့ထဲလမ်းမပေါ် ရောက်လာပြီး ပက်ပက် စက်စက် ရမ်းကားခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေ စရိုက်ကျပုံအကြောင်း၊ ပြည်သူပိုင် ဆိုင်ကယ် ဟန်းဖုန်း မော်တော်ကားတွေကအစ အကုန် ခိုးယူပြီး ဖျက်စီး ရောင်းချခဲ့ကြတဲ့ အကြောင်း၊ ညအချိန်မတော် အကုန်ဝင်ဖမ်း စခန်းထဲမှာ နှိပ်စက် ငွေညှစ်တဲ့အကြောင်း၊ ရွာစဉ် ရွာဆက် မီးတွေလိုက်ရှို့ပြီး မြေလှန်စနစ် ကျင့်သုံးခဲ့တဲ့ ဗမာဖက်ဆစ် စစ်တပ်အကြောင်း၊ လူတွေ အစုလိုက်အပြုံလိုက် သတ်ပြီး ကိုယ်ခန္တာအစိတ်အပိုင်းတွေကအစ အကုန်ဖြတ်တောက်ပြီး ထားခဲ့ တဲ့အကြောင်း၊ CDM ကျောင်းဆရာကို ခေါင်းဖြတ်ပြီး ကျောင်းပေါက်ဝမှာ ချိတ်ခဲ့တဲ့အကြောင်း၊ ရွာထဲက သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေကိုပါမချန် အကုန်ပိတ်လှောင်ပြီး မီးတင်ရှို့ခဲ့တဲ့ အကြောင်း အစရှိတဲ့ ကိစ္စတွေ အားလုံးက တစ်ကယ်မဖြစ်ခဲ့တဲ့ အရာတွေလိုပဲ အကုန် တဖြည်း ဖြည်းနဲ့ မှုံဝါးပြီး ပျောက်ကွယ်သွားတော့မှာပဲ။

အဲဒါ ဘာလို့လည်း ဆိုတော့ ကိုယ်ပိုင်အရည်အချင်းနဲ့ သမိုင်းတွင်ဝံ့သူတွေ မဟုတ်လို့ပဲ၊ သူတို့ အတွက်ကတော့ သမိုင်းဟာ အရေးကြီးတယ် သို့သော် သမိုင်းမှာ သူတို့အတွက်က အမြဲတမ်း နာမည်ဆိုးပဲ တွင်ကျန်နေခဲ့တဲ့အတွက် စာရွက်ထဲက သမိုင်းကို အသည်းအသန် လိမ်ညာ ပြင်ဆင် ကြဖို့ အမြဲကြိုးစားလေ့ ရှိကြတတ်တဲ့စရိုက်ကြောင့်ပဲ။ စာရွက်ထဲက သမိုင်းက အရေးကြီးသလား ဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့ ဘာသမိုင်းတွေသင်လာခဲ့ရပြီး ဘယ်လိုတွေတောင် စောက်တလွဲ ဖြစ်တဲ့ အတွေးအခေါ်အယူအဆတွေ သမိုင်းဆိုင်ရာ ယူဆချက်အမှားတွေနဲ့ လူလား မြောက်ခဲ့သလဲ ကိုယ့်ဖာသာ ပြန်စဉ်းစားကြည့်ပေါ့။ အဲဒါ အရေးကြီးသလား မကြီးဘူးလား ကိုယ့်ဖာသာကိုယ်ပဲ အရင်ပြန်ဆန်းစစ်ကြည့်ပေါ့။

ဆိုတော့ကာ အဲဒီလို အမှားတွေအကုန်လုံးကို ဖျောက်ပြီး အကုန်လုံး အကောင်းတွေချည်း ပြင်ဖို့ ဆိုတာ စိတ်အခံအရက အမှားကိုဝန်မခံလိုတာပဲ မဟုတ်လား။ ၁၉၆၂ ကတည်းကနေ ခုချိန်က ဘယ်စစ်ဗိုလ်ချုပ်ကများ သူတို့မှားခဲ့တယ် ဆိုတာမျိုး၊ သူတို့တွေ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တာတွေနဲ့ တိုင်းပြည်ကြီး မွဲသွားရတာတွေအတွက် တောင်းပန် ပါတယ်ဆိုတာမျိုး ဘယ်ကောင် ပြောခဲ့ဖူးလို့တုန်း ဆိုတာ အဲဒီစိတ်အခံကြောင့်ပဲ။

နန်ကျင်းလူသတ်ပွဲကြီးအကြောင်း ဘယ်ဂျပန်စစ်သားကမှ ဒီနေ့အထိ တောင်းပန်ပါတယ် မပြောဘူး၊ ကိုရီးယားအမျိုးသမီးငယ်တွေကို ကမ္ဘာအနှံ့က ဂျပန်စစ်စခန်းတွေဆီပို့ပြီး လိင်အလုပ် သမတွေအဖြစ် ခိုင်းစေခဲ့တဲ့အကြောင်း ဘယ်ဂျပန်စစ်သားကမှ ဒီနေ့အထိ တောင်းပန်ပါတယ် မပြောဘူး။ အဆိုးဆုံးက နန်းကျင်းလူသတ်ပွဲဆိုတာ မရှိခဲ့ပါဘူးတို့ ကိုရီးယားလူမျိုးတွေကို အဲဒီလို မခိုင်းခဲ့ပါဘူးတို့ ပြောပြီး ဒီနေ့အထိ ဘူးခံငြင်းကြတာပဲ။ ခေတ်သစ်ဂျပန်ကို ကြည့်ပြီး ဒီအကြောင်းတွေကို ခေတ်ပြိုင်ကြီး သွားမြင်လို့မရဘူး ဘယ်တူတော့ မလဲ။ ဒါပေမယ့် ဖက်ဆစ်ဝါဒီဂျပန်ခေတ်ကို ပြန်ကြည့်ကြည့် ဂျပန်တွေဟာ အမြင့်မြတ်ဆုံးသော လူမျိုးတွေဖြစ်တယ် ဒါကြောင့် အာရှသားချင်းတူရင်တောင် အခြားသော အာရှသားတွေဟာ ဂျပန် တွေထက် နိမ့်ကျတယ်ဆိုတဲ့ သင်ကြားမှုနဲ့ ကြီးလာကြတဲ့ ဂျပန်တွေဟာ ထင်တိုင်းကျဲကြတာပဲ၊ ဒီလိုပဲ ဗမာစစ်တပ်ဟာ သူတို့သာ ဒီနိုင်ငံမှာအတော်ဆုံး သူတို့သာ ကိုယ်ကျင့်သိက္ခာအရှိဆုံး သူတို့သာ အမြင့်မြတ်ဆုံး သူတို့သာ အစွမ်းဆောင်နိုင်ဆုံး ဆိုပြီး သင်ကြားခံလာကြရတာ ဖြစ်လို့ ကျန်တဲ့ အရပ်သားပြည်သူမှန်သမျှအပေါ် အမြဲတမ်း အဆင့်နိမ့်ကျစွာ ဆက်ဆံပြီး ထင်တိုင်းကျဲ ခဲ့ကြတာပဲ မဟုတ်လား။ မြင့်မြတ်သောလူမျိုးတွေဖြစ်တဲ့အတွက် အခြားနိမ့်ပါးသော လူမျိုးများအပေါ် ပညာပေးနိုင်ဖို့ ပြုကျင့်ခဲ့ကြသမျှဟာ တရားပါတယ် ဆိုပြီး ဂျပန်တွေ ယူဆခဲ့ကြသလိုပဲ အခုခေတ် ဗမာစစ်တပ် ဟာလည်း သူတို့သာလျှင် ကောင်းတာလုပ်တဲ့လူတွေ ဖြစ်ပြီး ကျန်တဲ့လူတွေဟာ သူတို့လောက်မှ နားမလည်ရှာကြတဲ့အတွက် သူတို့လုပ်သမျှဟာ တရားမျှတတယ် ဆိုပြီး မြင်ကြတာပဲ။

စာရှည်ပြီဗျ၊ နိဂုံးချုပ်ရရင်တော့ ဒီတော်လှန်ရေးနိုင်မှဖြစ်မယ်။

ဘယ်တော့မှ မှားပါတယ်ဝန်ခံကြမှာမဟုတ်၊ ဘယ်တော့မှ တောင်းပန်ပါတယ် ပြောမှာမဟုတ်တဲ့ လူတန်းစားအကြောင်း ခင်ဗျားတို့လည်း အသက်အရွယ်အရ အတိတ်ကို ပြန်စဉ်းစားပြီး ချိန်ဆကြည့်ရင်းနဲ့ သိကြမှာပါပဲ။ ဒီတစ်ကြိမ် ကျုပ်တို့ အနိုင်မရခဲ့ရင် ဒီလိုအရှက်ကင်းမဲ့မှုမျိုးကို နောက်တစ်ကြိမ် ရင်နာနာနဲ့ ထိုင် ကြည့်နေကြရလိမ့်မယ်။

စက်ဘီးမှာ ဒိုင်နမိုမီးလေး တပ်နိုင်ရင်ကို ပျော်ရွှင်ရ။

စက်ဘီးမှာ ဓါတ်ခဲနဲ့လင်းတဲ့ တရုတ်မီးလုံးလေး တပ်နိုင်ရင်ကို ပျော်ရွှင်ရ။

ခင်ဗျားက တစ်ချိန်က Made in Germany ဆိုတာတွေ သုံးခဲ့ဖူးတဲ့ အကြောင်း ပြန်ပြောင်း ပြောပြတော့ ခင်ဗျား သားသမီးတွေခမျာမယ် ပါးစပ် အဟောင်းသားနဲ့ ထူးဆန်းသလို နားထောင်ကြ။

ခင်ဗျားတို့ မှတ်မိကြ ဖြတ်သန်းခဲ့ကြဖူးမှာပါ

အဲဒါဆိုရင် အခုရော ဘယ်လိုခေတ်ကို ပြန်ဦးတည်နေသလဲ

ရိပ်မိကြမှာပေါ့နော် …

အားထည့်ကြဗျ လွတ်မြောက်ချင်စိတ်မွေးကြဗျ သတ္တိရှိကြဗျ

ရေလိုက်ငါးလိုက် မနေချင်ကြနဲ့ဗျ

အေးအေးဆေးဆေး သက်သက်သာသာ အချောင်မခိုချင်နဲ့ဗျ

ရုန်းကန်ကြဗျ ..

 

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English