ပွင့်လင်းရာသီရောက်နေပေမယ့်ဖက်ဆစ်စစ်တပ်နဲ့EAOအဖွဲ့တွေကြားထိတွေ့တိုက်ပွဲကြီးတွေသိပ်မတွေ့ရသေးဘူး။ဒီရက်ပိုင်းရှမ်းပြည်မြောက်ပိုင်းမှာစစ်တပ်ကစစ်ကြောင်းထိုးလာလို့ကိုးကန့်အဖွဲ့နဲ့ဖြစ်တဲ့တိုက်ပွဲတွေလောက်ပဲကြားရတယ်။ထိုတိုက်ပွဲတွေမှာလဲစစ်တပ်ဖက်ကငါးဆယ်ကျော်သေဆုံးတယ်လို့သိရတယ်။စစ်တပ်ကိုတိုက်ခိုက်နေတဲ့အခြားနာမည်ကြီးအဖွဲ့ကြီးတဖွဲ့ဖြစ်တဲ့ကချင်ကKIAကတော့အနန့်ပါရွာဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာငြိမ်ချက်သားကောင်းနေတယ်။စစ်ကောင်စီကအရပ်သားတွေကိုရည်ရွယ်ချက်ရှိရှိဦးစားပေးတိုက်ခိုက်နေတာကြောင့်EAOတွေအနေနဲ့လဲသူတို့ဒေသမထိခိုက်ဖို့ချိန်ဆနေသလားပဲ။ကရင်ပြည်နယ်မှာလဲမြဝတီဝေါလေလမ်းကိုစစ်တပ်ကထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီဝါဒဖြန့်သတင်းချန်နယ်တွေမှာထုတ်လွှင့်နေချိန်ထိုဒေသကအမာခံKNUတော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ကော်ဘရာစစ်ကြောင်းဖက်ကတော့အသံတိတ်နေတယ်။ဒီရက်ပိုင်းကြားရသိရတာတွေကတော့အားရစရာသိပ်မရှိလှဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


