စစ်ကိုင်တိုင်း၊ ထီးချိုင့်မြို့နယ်၊ ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၈၀ ခန့်ပြာကျခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၈၀ ခန့်ပြာကျခဲ့ကြောင်း သိရသည်။
“မနေ့က စစ်ခွေးတွေ မီးရှို့လို့ ဇီးသောင် အရှေ့နဲ့ အနောက်ရွာက နေအိမ် ၈၀ လောက်ပြာကျသွားတယ်။ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို စစ်ခွေးတွေက မီးရှို့သွားတာ” ဟု Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
Source – khitthit