ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ပျဉ်းမပင်စက်မှုဇုန်အနီးကလူနေရပ်ကွက်တွေကိုစစ်တပ်ကတပ်ပိုင်မြေအဖြစ်သတ်မှတ်ပြီးအတင်းပြောင်းရွှေ့ခိုင်းနေတယ်။ရွှေ့ပြောင်းခိုင်းတဲ့နေရာဟာအိမ်ခြေတစ်ထောင်ကျော်ရှိပြီးအိမ်ကြီးအိမ်ကောင်းတွေလဲပါဝင်နေတယ်။ထိုနေရာဟာကျူးကျော်လဲမဟုတ်ပဲအနှစ်နှစ်ဆယ်ကျော်နေထိုင်သူတွေရှိနေတာပါ။နိုဝင်ဘာ၁၈ရက်ကိုနောက်ဆုံးထားဖျက်သိမ်းခိုင်းထားပြီးအခုနိုဝင်ဘာ၂၂အထိအချိန်တိုးပေးထားတယ်။တချို့အိမ်တွေဖျက်နေကြပြီးတချို့အိမ်တွေကတော့စောင့်ကြည့်နေကြတယ်။စစ်တပ်ကပီးခဲ့တဲ့အပတ်ကလဲရန်ကုန်မရမ်းကုန်းကရပ်ကွက်တစ်ခုမှာအိမ်ခြေသုံးရာလောက်ဖျက်ဆီးသွားသေးတယ်။မန္တလေးမြို့မှာဆိုအခြေအနေတွေပိုဆိုးတယ်။မြို့ပြင်ရောမြို့ထဲမှာပါမထင်ရင်မထင်သလိုပြည်သူပိုင်အိမ်ေတွကိုဘူဒိုဇာတွေနဲ့ထိုးပြီးဖျက်စီးနေတယ်။သူတို့သိမ်းချင်တဲ့မြေနေရာတွေကိုကျူးကျော်လို့သတ်မှတ်ပြီးပြောင်းရွှေ့ဖို့တောင်အချိန်မပေးပဲဖျက်စီးတော့တာပဲ။ဂရမ်ရှိတဲ့အိမ်တွေလဲဖျက်စီးခံနေရတာကြောင့်ဒီကာလကြီးမှာပြည်သူတွေဟာဘယ်နေရာမှာပဲနေနေအာမခံချက်မရှိတော့တဲ့ပုံစံမျိုးဖြစ်နေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


