Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အမေရိကန်က ဘာလို့မကူညီသေးတာလဲ

အောက်တိုဘာ 31, 2022
in သုံးသပ်ချက်များ
Reading Time:1min read
Share on FacebookShare on Twitter

USအစိုးရကမြန်မာ့အရေးမှာစစ်ရေးအကူအညီမပေးတာကအဓိက ၃ ချက်ကို မြင်မိပါတယ်။မြန်မာ့အရေးကနိုင်ငံတကာအမြင်မှာ ရှုပ်ထွေးနေပြီးပြည်တွင်းထဲ အင်အားစုတွေမှာပြန့်ကျဲနေဆဲဖြစ်တယ်လို့မြင်ကြတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများစွာ ရှိနေသလိုစစ်အာဏာရှင်တော်လှန်ရေးထဲNUG အစိုးရနဲ့ အင်အားစုတွေအခုထိ သီးခြားပုံစံ ဖြစ်နေပြီးတော့ဗဟိုစုစည်းမှုအောက် မရှိနေခြင်းတချက်ပါလိမ့်မယ်လို့ မြင်မိတယ်။

 

နောက်တချက်ကတော့ အီရတ်၊အာဖဂန်နစ္စတန်တို့မှာ စစ်ရေးနဲ့ဝင်ရောက်စွက်ဖက်မှုတွေအတွက်ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ရခဲ့ပြီးနောက်ထပ်စစ်ရေးအရ ဝင်စွက်ဖို့ဘိုင်ဒန်အစိုးရအတွက် စိန်ခေါ်မှုဖြစ်တယ်။ဘာအကျိုးအမြတ်ပြန်ရမလဲဆိုတာထည့်တွက်မှာတော့ ‌သေချာတယ်။

 

နောက်ဆုံးတချက်ကတော့ US နဲ့တရုတ်အစိုးရ ပါဝါဂိမ်းဖြစ်တယ်။ကုန်း ရေလမ်း ၂ သွယ် ပိုးလမ်းမကြီးစီမံကိန်းအတွက်အချက်အခြာကျပြီးတရုတ်အနောက်ဖက်ခြမ်းပြည်နယ်အတွက်ပင်လယ်ထွက်ပေါက်ဖြစ်လာတဲ့နိုင်ငံတရုတ်သြဇာကြီးတဲ့ မြန်မာနိုင်ငံထဲစစ်ရေးအကူအညီပေးဖို့ US အတွက်စဉ်းစားရမှာတွေ အများကြီးရှိလာတယ်။မြန်မာပြည်ထဲ ဒီလိုဖြစ်ပျက်နေတာမှာတရုတ်နိုင်ငံအတွက် ဆိုးကျိုးများတယ်။အထူးသဖြင့် မြန်မာထဲ ဗျူဟာကျတဲ့ တရုတ်စီမံကိန်းတွေ ရပ်ထားရတယ်။ US တရုတ် ပါဝါဂိမ်းမှာတရုတ်အတွက်အထိနာနေတဲ့နိုင်ငံထဲ US က ဘာလို့ စစ်ရေး အကူအညီ ပေးသင့်လဲဆိုတာUS အစိုးရက စဉ်းစားမှာ သေချာတယ်။ရှင်းရှင်းပြောရရင် တရုတ်အစိုးရကသူ့နိုင်ငံရဲ့ အိမ်နီးခြင်းနိုင်ငံတွေမှာဘယ်လိုနိုင်ငံရေးစနစ် ကျင့်သုံးလဲဆိုတာသိပ်စိတ်မဝင်စားဘူး။ တည်ငြိမ်တဲ့နိုင်ငံရေးပုံစံ ရှိဖို့ကိုပဲ လိုလားပါတယ်။US အစိုးရကလည်း တရုတ်ဘေးအိမ်နီးခြင်းနိုင်ငံ နိုင်ငံရေးမတည်ငြိမ်လေ၊တရုတ်အခက်တွေ့လေလို့ မြင်တယ်။နောက်တစ်ခု US က NUG အစိုးရကိုစစ်ရေးအကူအညီပေးရင် တရုတ်နဲ့ရုရှားကမင်းအောင်လှိုင်စစ်တပ်ဖက်ကိုစစ်ရေးအကူအညီပေးလာခဲ့မယ်ဆိုရင်ဗီယက်နမ်ကိုရီးယားကျွန်းဆွယ်အရေးလိုဖြစ်မလားဆိုတာထည့်တွက်လိမ့်မယ်။အနီးစပ်ဆုံးဆီရီးယားလိုဖြစ်မလားဆိုတာစဉ်းစားထည့်ချက်မယ့်အထဲ ပါလိမ့်မယ်။

 

နိုင်ငံကြီးတွေရဲ့ ပါဝါနိုင်ငံရေးဆိုတာကအကျိုးအမြတ်ပေါ် အခြေပြုတာဖြစ်တယ်။US တရုတ်အားပြိုင်မှုမှာ တရုတ်အစိုးရသြဇာကြီးတဲ့နိုင်ငံထဲ စစ်ရေးအကူအညီပေးဖို့ဆိုတာ အတော်လေး စဉ်းစားရမှာဖြစ်သလိုပဲ တရုတ်အစိုးရကလည်း ဒါမျိုးလက်ခံမှာမဟုတ်တာတော့ သေချာတယ်။NUG အစိုးရကို စစ်ရေးအကူအညီပေးလို့USအစိုးရအတွက်ဘာပြန်ရမလဲဆိုတာအဓိကအကျဆုံးတချက်ဖြစ်လိမ့်မယ်မြင်တယ်။ဥပမာ NUG ကို စစ်ရေးအကူအညီပေးလို့ မင်းအောင်လှိုင်စစ်တပ် ပြုတ်ကျသွားပြီတဲ့၊US အစိုးရအတွက် ဘာပြန်ရနိုင်မှာလဲ။တရုတ်ဘက်မှာ တရုတ်အစိုးရဩဇာသက်ရောက်မှုကြီးတဲ့ ERO တွေ ရှိနေပြီးတိုင်းပြည်ထဲ ဘယ်အစိုးရတက်လာပါစေ၊တရုတ်နိုင်ငံရဲ့ သြဇာကိုကျော်ဖို့ခက်တဲ့နိုင်ငံတခုထဲ US က ဘာအကျိုးအမြတ်ပြန်ရနိုင်မှာမို့ စစ်ရေးအကူအညီပေးမှာလဲ။

 

ဒီလိုတွေပြောလို့ US က မြန်မာအရေးမှာမကူညီတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။US က မြန်မာအရေးမှာ သံတမန်ရေးနဲ့ဖိအားပေး ဆက်ကူညီမယ် စီးပွားရေးနဲ့ ပုဂ္ဂိုလ်ရေးဆန်ရှင်တွေကလွဲရင် စစ်ရေးအကူအညီပေးဖို့ဆိုတာကတော့ အတော်မလွယ်ကူဘူးဆိုတာ ပြောပြတာဖြစ်တယ်။US က စစ်ရေး အကူအညီပေးချင်ရင်ဘယ်လိုလုပ်ရမလဲ US က ပိုသိတယ်။ဆိုဗီယက်နဲ့ အာဖဂန်နစ္စတန်စစ်ပွဲမှာအာဖဂန်နစ္စတန်အတွက် လက်နက်ဘယ်လိုကူခဲ့လဲ လေ့လာကြည့်ရင်တော့US က တကယ် စစ်ရေး ကူညီချင်ရင် အဲလောက်ထိ အချိန်ဆွဲမနေတော့ပါဘူး။US က စစ်ရေး တကယ်ကူညီပေးချင်ဘာမလုပ်ပဲ သိမ်းထားတဲ့ ဒေါ်လာ တဘီလျံNUG ထံ ပြန်ပေးလိုက်ရင် ပြီးနေတာပဲ။ကျန်တာ NUG က ဆက်လုပ်မှာပေါ့လေ။ အနီးစပ်ဆုံး MOGE ရေနံ သဘာဝဓါတ်ငွေ့ရောင်းရငွေ ပိတ်ဆို့ပေးမယ်ဆိုရင်တောင်တော်လှန်ရေးအတွက် အတော်အသုံးဝင်ပါမယ်။

 

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
သုံးသပ်ချက်များ

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

ဇန်နဝါရီ ၀၇၊ ၂၀၂၃။ (စနေ)

UNSC ရဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင်တို့ရဲ့ အဆုံးသတ်”

ဇန်နဝါရီ 13, 2023

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)နေ့ မြန်မာစံတော်ချိန်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist