Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

လက်ယက်ကုန်းကျောင်းသားများ တစ်လနီးပါး ကြာသည်အထိ ပြန်မလွတ်သေး

ကလေးအများအပြား သတ်ဖြတ်ခံရသည့် စစ်ကိုင်းတိုင်း ကျေးလက်စာသင်ကျောင်းမှ ၇ နှစ်နှင့် ၁၅ နှစ်ကြား ဒဏ်ရာရ ကျောင်းသားများ၊ ဆရာမများကို စစ်တပ်က ဆက်ဖမ်းထားသည်။

October 14, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်ကျေးရွာ စာသင်ကျောင်းမှ ကလေး ၁၁ ဦးနှင့် စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများ တစ်လနီးပါး ကြာသည်အထိ ပြန်လွတ်လာခြင်းမရှိသေးဟု သိရသည်။

စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီတပ်က ထို စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်ပြီး ကလေးငယ်များ ဆရာ၊ ဆရာမ ၅ ဦးနှင့် ဒေသခံ ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“မိဘတွေနဲ့ ကလေးတွေ အခုထိ အဆက်အသွယ်မရပါဘူး။ မိဘတွေအနေနဲ့ သူတို့ရဲ့ကလေးတွေ လက်ထိသွားတာလား၊ ခြေထောက်ထိသွားတာလား၊ ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းမှာ ထိသွားတာလဲဆိုတာ ဘာမှမသိရဘူး” ဟု အဆိုပါ စာသင်ကျောင်းမှ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးက Myanmar Now ကို ပြောသည်။

ကလေးများကို ရေဦးမြို့သို့ ဖမ်းခေါ်သွားသည်ဟုသာ သိရပြီး မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း အတိအကျ မသိရဟုလည်း အဆိုပါ ဆရာမက ပြောသည်။

“ကလေးတွေနဲ့ အတူပါသွားတဲ့ ဆရာမလေးတွေနဲ့ပဲ အဆက်အသွယ်ရတာ။ ကလေးတွေက သူတို့နဲ့ အတူရှိတာပဲ သိရတယ်။ ဆရာ၊ ဆရာမတွေကိုယ်တိုင်လည်း သူတို့ကို ပြန်ရက်ဘာညာ ဘာမှ မသတ်မှတ်ပေးထားဘူး” ဟု ပြောသည်။

ကလေးငယ်များ အုပ်ထိန်းသူနှင့် တွေ့ခွင့်မရခြင်းသည် အခွင့်အရေးချိုးဖောက်ခံရခြင်း ဖြစ်သည်၊ စစ်တပ်က ဖမ်းခေါ်သွားသည့် ကလေးများ၏ လုံခြုံရေးအတွက် ပူပန်နေရသည်ဟုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဆူဇန်နာလှလှစိုးက ပြောသည်။

“မိဘတွေနဲ့လည်း လုံးဝမတွေ့ရဘူးဆိုတော့ ကလေးတွေရဲ့ အခြေခံအခွင့်အရေးတွေကိုတော့ နားလည်လိုက်နာပေးစေချင်တယ်။ ဒါကို လိုက်နာဖို့ တိုက်တွန်းချင်တယ်။ အရေးကြီးတာတော့ ကလေးတွေရဲ့ လုံခြုံရေးက အဓိကပဲ။ ဖမ်းဆီးခံထားရတဲ့ကလေးတွေအကုန်လုံးကို အမြန်ဆုံး ပြန်လည်လွှတ်ပေးစေချင်တယ်” ဟု ပြောသည်။

အဖမ်းခံထားရသည့် ကလေးများမှာ အသက် ၇ နှစ်၊ ၉ နှစ်၊ ၁၂ နှစ်၊ ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ်များ ဖြစ်ကြသည်ဟုလည်း သိရသည်။

လေတပ်၊ ကြည်းတပ်က စာသင်ကျောင်းကို ပစ်ခတ်စီးနင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် ကလေးများမှာ ခြေထောက်နှင့် လက်များတွင် ပြတ်ရှဒဏ်ရာ ရရှိထားကြသူ ပါဝင်ကြောင်း မျက်မြင်တွေ့ရှိလိုက်ရသူ ဒေသခံတစ်ဦးက ပြောသည်။

“ခြေထောက်တွေဆို သွေးတွေရဲနေတဲ့ ကလေးတွေရောပဲ။ သေသွားတဲ့ ကလေးတွေရဲ့ ရုပ်အလောင်းတွေကို အိတ်တစ်အိတ်ထဲ အကုန်ထည့်၊ ဒဏ်ရာရထားတဲ့ ကလေးတွေကို အကုန်ခေါ်သွားတာ၊ ကလေးတွေမှာ အသံတောင် မထွက်ရဲကြဘူး” ဟု သူက ဆိုသည်။

စက်တင်ဘာ ၁၆ ပစ်ခတ်မှုတွင် ကလေး ၇ ဦးသေဆုံးခဲ့ပြီး မြေပြင်ထိုးစစ်ကြောင့် လူကြီး ၆ ဦး သေဆုံးခဲ့ရသည်။

သေဆုံးသွားသူများကိုလည်း မည်သို့ သင်္ဂြိုဟ်ခဲ့သည်ကို မသိရကြောင်းလည်း စေတနာ့ဝန်ထမ်း ဆရာမက ဆိုသည်။

“ကိုယ့်ကလေးတွေ ဒဏ်ရာရပြီး ပါသွားတာလည်း ဘယ်နေရာတွေ ဘယ်လိုဒဏ်ရာရမှန်းလည်း မသိရဘူး။ သေဆုံးသွားတဲ့ ကလေးတွေကျတော့လည်း ဘယ်လိုတွေမြှုပ်လိုက်လည်း မသိဘူး။ မိဘတွေရဲ့စိုးရိမ်မှု ဘယ်လောက်အတိုင်းအဆလဲ မှန်းလို့ရပါတယ်” ဟု ပြောသည်။

စစ်ကောင်စီကမူ အဆိုပါ စာသင်ကျောင်းတွင် ဒေသကာကွယ်ရေးအဖွဲ့များ ရှိနေခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ပြီးခဲ့သည့်လ သတင်းရှင်းလင်းပွဲတွင် ကာကွယ်ပြောဆိုသည်။

ထို့အပြင် ဒဏ်ရာရ ကလေးငယ်များကို ရေဦးမြို့တွင် ဆေးကုသပေးနေကြောင်းလည်း ဆိုသည်။

စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သူများထဲတွင် အသက် ၁၈ နှစ်အောက် အရေအတွက် ၂၂၀ ပါဝင်သည်၊ ၄၆၁ ဦးကို ဖမ်းဆီးထိမ်းသိမ်းထားသည်ဟု NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ စုဆောင်းထားသည့် မှတ်တမ်းဖြစ်ပြီး ဆက်သွယ် စုံစမ်း မှတ်တမ်းတင်ရန် ခက်ခဲနေသော ကာလဖြစ်သောကြောင့် သတ်ဖြတ်၊ ဖမ်းဆီးခံရသူ အရေအတွက်မှာ ထိုထက်မက များပြားဖွယ် ရှိနေသည်။

Source – Myanmar Now

 

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English