NUGကရန်ပုံငွေရှာတဲ့နောက်ထပ်အစီအစဉ်ဖြစ်တဲ့နွေဦးမန္တလေးအစီအစဥ်အတွက်မြေကွက်တွေကိုဒီလကစပြီးစတင်ရောင်းချလျက်ရှိတယ်။နွေဦးမန္တလေးအစီအစဥ်ဆိုတာမန္တလေးမြို့ကစစ်တပ်ပိုင်မြေတွေကိုအကွက်ရိုက်ပြီးရောင်းချနေတာပါ။ထိုအစီအစဉ်မှာန္တလေးနန်းတွင်းကမြေတွေနဲ့မန္တလေးတောင်ခြေကစစ်တပ်ပိုင်မြေတွေပါဝင်နေတယ်။အခုဆိုသုံးရက်အတွင်းဒေါ်လာကိုးသန်းကျော်ဖိုးလောက်ရောင်းချပြီးပြီ။ NUGကထိုကဲ့သို့ရန်ပုံငွေရှာဖွေမှုမျိုးတွေခုနောက်ပိုင်းမှာဆက်တိုက်လုပ်နေတယ်။ပထမဆုံးအင်းလျားလမ်းကမင်းအောင်လှိုင်ရဲ့အိမ်တွေကိုအရင်ရောင်းချတယ်။ပြီးတော့ရန်ကုန်ကစစ်တပ်ပိုင်မြေတွေကိုတော်လှန်ရေးပြီးရင်အသုံးချနိုင်ဖို့အခုကတည်းကလျော့စျေးနဲ့ကြိုပွိုင့်သဘောမျိုးရောင်းချတယ်။အခုဆိုမန္တလေးမြို့ဘက်ကိုခြေဦးလှည့်လာပြီ။ထိုအစီအစဥ်တွေကတဆင့်NUGဟာဒီလပိုင်းအတွင်းဒေါ်လာသန်းဆယ်နဲ့ချီပြီးရန်ပုံငွေတွေရှိလျက်ရှိတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


