NUGကရန်ပုံငွေရှာတဲ့နောက်ထပ်အစီအစဉ်ဖြစ်တဲ့နွေဦးမန္တလေးအစီအစဥ်အတွက်မြေကွက်တွေကိုဒီလကစပြီးစတင်ရောင်းချလျက်ရှိတယ်။နွေဦးမန္တလေးအစီအစဥ်ဆိုတာမန္တလေးမြို့ကစစ်တပ်ပိုင်မြေတွေကိုအကွက်ရိုက်ပြီးရောင်းချနေတာပါ။ထိုအစီအစဉ်မှာန္တလေးနန်းတွင်းကမြေတွေနဲ့မန္တလေးတောင်ခြေကစစ်တပ်ပိုင်မြေတွေပါဝင်နေတယ်။အခုဆိုသုံးရက်အတွင်းဒေါ်လာကိုးသန်းကျော်ဖိုးလောက်ရောင်းချပြီးပြီ။ NUGကထိုကဲ့သို့ရန်ပုံငွေရှာဖွေမှုမျိုးတွေခုနောက်ပိုင်းမှာဆက်တိုက်လုပ်နေတယ်။ပထမဆုံးအင်းလျားလမ်းကမင်းအောင်လှိုင်ရဲ့အိမ်တွေကိုအရင်ရောင်းချတယ်။ပြီးတော့ရန်ကုန်ကစစ်တပ်ပိုင်မြေတွေကိုတော်လှန်ရေးပြီးရင်အသုံးချနိုင်ဖို့အခုကတည်းကလျော့စျေးနဲ့ကြိုပွိုင့်သဘောမျိုးရောင်းချတယ်။အခုဆိုမန္တလေးမြို့ဘက်ကိုခြေဦးလှည့်လာပြီ။ထိုအစီအစဥ်တွေကတဆင့်NUGဟာဒီလပိုင်းအတွင်းဒေါ်လာသန်းဆယ်နဲ့ချီပြီးရန်ပုံငွေတွေရှိလျက်ရှိတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...