ပြည်တွင်းကလူငယ်တွေအတော်များများအလုပ်အကိုင်အတွက်နိုင်ငံခြားထွက်ကုန်ပြီ။ဂျပန်၊စင်ကာပူ၊မလေးရှား၊ဒူဘိုင်းစသဖြင့်နိုင်ငံအစုံပါပဲ။အသိတွေထဲမှာလဲဒီလပိုင်းထွက်သွားတဲ့သူတွေအများကြီးပဲ။အများစုကတော့လက်လှမ်းမီတဲ့စင်ကာပူကိုပဲသွားကြတာပါ။ဒေါ်လာဈေးတွေအချိန်နဲ့အမျှထိုးတက်နေတဲ့အတွက်ပြည်တွင်းမှာဆက်ပြီးအလုပ်လုပ်လို့အဆင်မပြေတော့ဘူး။လစာကတိုးမလာပဲကုန်ဈေးနှုန်းတွေသာတက်လာတာကြောင့်အခက်အခဲတွေဖြစ်လာတယ်။ကိုယ်ပိုင်ဆိုင်သမျှ၊စုဆောင်းထားသမျှအရာအားလုံးဘာမှမလုပ်ရပဲတန်ဖိုးတွေကျနေတယ်။အလုပ်အကိုင်အခွင့်အလမ်းကလဲမရှိသလောက်နည်းပါးသွားပြီ။ရှိတဲ့ကုမ္မဏီတွေတောင်မှပဲမဖျက်သိမ်းရင်တောင်ဝန်ထမ်းတွေလျော့ကုန်ကြပြီ။လူငယ်တွေအတွက်ရွှေးချယ်စရာဘာမှမရှိတော့ဘူး။
ပြီးခဲ့တဲ့ရက်တွေကစံချိန်တင်ထိုးတက်ခဲ့တဲ့ဒေါ်လာဈေးတွေကပြန်ကျသွားပေမယ့်ဒါဟာခဏပဲဖြစ်မှာပါ။အချိန်မရွှေးအရင်စံချိန်တွေကိုထပ်ချိုးနိုင်တယ်။အခုဆိုရင်နိုင်ငံခြားသွားဖို့လေယာဉ်လက်မှတ်ဝယ်ဖို့တောင်ဒေါ်လာရှာမရဘူးဖြစ်နေတယ်။