ပြည်တွင်းဘဏ်များမှာ ဒေါ်လာအကောင့်ဖွင့်ထားပြီး ဒေါ်လာစုသူများရှိခြင်းသည် တိုင်းပြည်အတွက်အလွန်ကောင်းသည်။ ကိုယ့်နိုင်ငံကိုယုံလို့ ဘဏ်ကိုယုံလို့ စုထားကြခြင်းဖြစ်သည်။ ဒေါ်လာဝင်ငွေရှိသော သာမန်လူလတ်တန်းစား သင်္ဘောသား၊ အသိပညာရှင် အတတ်ပညာရှင်များ၊ နိုင်ငံရပ်ခြားမှာအလုပ်လုပ်ပြီး ဒေါ်လာဝင်ငွေရသူများသည် ကိုယ့်နိုင်ငံထဲမှာပဲ ဘဏ်အကောင့်ဖွင့်၍ ဒေါ်လာစုခဲ့ကြသည်။ တယောက်ခြင်းစုငွေ ပမာဏသိပ်မများသော်လည်း အရေတွက်များတော့ ပေါင်းလိုက်ရင်သိပ်မနည်းလှပါ။ သို့သော် ကျောက်မျက်သမားများ၏ ဒေါ်လာအကောင့်များက amount အတော်ကြီးပါသည်။ ထို့ကြောင့် ဗဟိုဘဏ်နှင့် regulatory body မျက်စေ့ကျပါသည်။
ထို့အတူimportersများကလည်းမိမိတို့ကုန်ဘိုးပေးချေရန်လိုမည့်ဒေါ်လာကိုကြိုတင်ဝယ်ယူစုဆောင်းထားကြသည်။ exporters များကလည်း ဝင်လာသည့် earnings ဒေါ်လာကို မိမိချုပ်ဆိုထားသည့်ပို့ကုန်စျေနှုန်း၊ suppliers များထံမှဝယ်ယူရမည့်စျေနှုန်း၊ ဝယ်ယူရရှိနိုင်သည့် ကုန်ပမာဏ၊ earnings စျေးနှုန်း၊ တို့ကိုတွက်ချက်၍ အလုပ်လုပ်ကြခြင်းဖြစ်သည်။ တွက်ချေမကိုက်သေး၊ ကျပ်ငွေမလိုသေးလျင် ဒေါ်လာအနေဖြင့် ယာယီကိုင်ထားကြသည်။ သို့သော် ဗဟိုဘဏ်နှင့် အာဏာပိုင်တို့က ထိုဒေါ်လာများကို မျက်စေ့ကျပါသည်။
ဧပြီ ၃ ရက် ၁၈၅၀ ဖြင့် ၁ ရက်အတွင်းလဲယူရသည့် အမိန့်မထွက်ခင်ကပင် ဘဏ်အကောင့်များရှိ ဒေါ်လာများကို ဝင်သည့်ရက်မှစ၍ ရက် ၃၀ အတွင်း ရောင်းရမည်ဟု အမိန့်ထုတ်ခဲ့ခြင်းက စ၍မှားပါသည်။ ကျောက်မျက်သမားများ၏ အကောင့်ထဲတွင် ကြာရှည်စွာရှိနေသော စုဆောင်းထားသော ဒေါ်လာများကို ထိုချိန်က ဗဟိုဘဏ်စျေး ၁၇၅၀၊ ၁၇၈၀ စျေးလောက်နှင့် အကုန်ရောင်းပေးခဲ့ရသည်။ ဒီနိုင်ငံမှာ ဒေါ်လာစုထားလို့ မရတော့ဘူး၊ စိတ်မချရဘူး၊ မယုံကြည်ရတော့ဘူးလို့ message ပေးလိုက်ခြင်းဖြစ်သည်။ ရောင်းပေးပြီးရလာသည့် ကျပ်ကို သူတို့ ဒီတိုင်းမထားပါ။ အပြင်ကနေ အဟနဲနဲအရှုံးခံပြီး အဝေးဟွန်ဒီဖြင့် စင်ကာပူဘဏ်များသို့ အများဆုံးရွှေ့သွားကြသည်။ နိုင်ငံခြားမရွှေ့နိုင်သူများက အရွက်၊ ရွှေ၊ မြေ၊ ကား ပြောင်းကိုင်လိုက်ကြသည်။
ကိုယ့်နိုင်ငံသားများ ပိုင်ဆိုင်သောဒေါ်လာသည် ကိုယ့်နိုင်ငံကိုယုံလို့၊ ကိုယ့်နိုင်ငံထဲကဘဏ်များတွင် အပ်ထားသဖြင့်၊ အတိုးလည်းပေးစရာမလို၊ နိုင်ငံတော်အနေဖြင့် ယာယီလိုသလို လှည့်သုံးလို့ရသည်၊ ခုသာခံသာရှိသည်။ သို့သော် အတင်းအကြပ် ကျပ်ချိန်းပြီး သိမ်းလိုက်သောအခါ ထိုဒေါ်လာများအားလုံးက အောက်လမ်းကနေ သူများနိုင်ငံဘက်ရောက်သွားသည်။ သူများနိုင်ငံဘဏ်များတွင် သွားအပ်ထားသောအခါ သူများကလိုသလိုလှည့်သုံးလို့ရသွားသည်။
ထို့ကြောင့် ကျပ်ချိန်းပြီးသိမ်းယူလိုက်သည့် bank accounts ရှိ ဒေါ်လာများ ဝေါကနဲ့ ကိုယ့်နိုင်ငံထဲမှ သူများနိုင်ငံများသို့စီးသွားခဲ့သည်။ဗဟိုဘဏ်နှင့်အုပ်ချုပ်သူတို့ထင်သည်ကဒေါ်လာတွေသူတို့ရသွားတယ်ထင်တာ။ ရလိုက်တဲ့ဒေါ်လာနဲ့ အချိန်ကာလတခုအတွက် စက်ဆီ၊ စားဆီဘိုး ပေးလို့ရသွားတယ်။ သို့သော် တကယ်က ကိုယ့်နိုင်ငံသားပိုင်ဆိုင်မှုများ အဝေးဟွန်ဒီနဲ့လွှဲထုတ်ပြီး သူများနိုင်ငံသို့ရောက်သွားခြင်းဖြစ်သည်။
နောက်ထပ်ရမည့်ဒေါ်လာလည်း မဝင်လာတော့ပါ။ ဟိုဘက်မှာပဲ စုထားကြတော့မည်။ ရွှေဥဥသည့်ငန်းကို သတ်လိုက်သည်။ ယုံကြည်မှုကို သတ်လိုက်သည်။ သတ်လိုက်ပြီးပြီဆိုတော့ မသတ်တော့ပါဘူး လုပ်လို့မရဘူး။ Shakespeare ရဲ့ Lady Macbeth စကားနဲ့ပြောရရင် “What’s done cannot be undone.”
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။