NUGကကုလသံအမတ်ဦးကျော်မိုးထွန်း၊ကာကွယ်ရေးဝန်ကြီးတို့ပါဝင်တဲ့အွန်လိုင်းလူထုတွေ့ဆုံပွဲတစ်ခုပြုလုပ်တယ်။သိချင်တာတွေမေးနိုင်တယ်ပေါ့။ပြောသွားတဲ့စကားတွေ၊အချက်အလက်တွေကအများကြီးပဲ။အဲ့ဒီထဲမှာမှကာကွယ်ရေးဝန်ကြီးပြောသွားတဲ့စကားတစ်ခွန်းကိုတော့သဘောမတွေ့ဘူး။သူကလာမယ့်၂၀၂၃ဟာတော်လှန်ရေးအဆုံးသတ်မယ့်နှစ်ဖြစ်တယ်လို့ပြောသွားတယ်။အားလုံးဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါပေါ့။သူ့စကားအတိုင်းဆိုတော်လှန်ရေးအောင်မြင်ဖို့နောက်တစ်နှစ်ထပ်ရွှေ့လိုက်ပြီလား။
၂၀၂၁နှစ်ကုန်ပိုင်းနဲ့၂၀၂၂နှစ်ဦးပိုင်းမှာNUGကထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ယာယီသမ္မတ၊နိင်ငံခြားရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးတို့ကိုယ်တိုင်ဒီနှစ်၂၀၂၂မှာတော်လှန်ရေးအောင်မြင်အောင်လုပ်မယ်လို့အားကြိုးမာန်တက်ပြောသွားကြတယ်။ပြီးတော့အခုချိန်ထိထင်သာမြင်သာတဲ့ရလဒ်ဘာမှဖြစ်မလာသေးဘူး။အခုတော့၂၀၂၃ကိုရွှေ့သွားပြီတဲ့လား။
NUGထိပ်ပိုင်းခေါင်းဆောင်တွေရဲ့မရေရာတဲ့စကားတွေအကြောင်းထပ်ပြောရရင်ဒီနှစ်မိုးဦးကျမှာတော်လှန်ရေးကိုမကြာမီအရှိန်မြှင့်မယ်လို့ပြောခဲ့သေးတယ်။အခုမိုးကုန်တော့မယ့်ကာလမှာပုံမှန်Local PDF တွေရဲ့ရုန်းကန်မှုတွေသာတွေ့နေရပြီးNUGဘက်ကဘာလှုပ်ရှားမှုမှမတွေ့သေးဘူး။
NUGအနေနဲ့လေအလကားရတိုင်း၊လျှာအရိုးမရှိတိုင်းဒီလိုလျှောက်ပြောနေလို့အဆင်မပြေဘူး။သေချာမလုပ်နိုင်သေးပဲနဲ့ပြည်သူကိုမျှော်လင့်ချက်အကြီးကြီးတွေမပေးသင့်ဘူး။ဒီအချက်တွေကိုအခုလောလောဆယ်ဘယ်သူမှချမပြသေးပဲမသိချင်ယောင်ဆောင်နေကြပေမယ့်ဒီလိုသာလျှောက်ပြောနေမယ်ဆိုရင်NUGကိုအယုံအကြည်မဲ့လာကြလိမ့်မယ်။