ပြည်တွင်းကျန်နေသောနောက်ထပ်ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့အော်ရီဒူးလဲထွက်ခွာတော့မယ်တဲ့။အော်ရီဒူးကတော့ကာတာအခြေစိုက်ဖြစ်ပြီးသုံးစွဲသူ၁၅သန်းခန့်ရှိတယ်။တယ်လီနောပြီးနောက်ဒုတိယမြောက်ထွက်ခွာတဲ့ဆက်သွယ်ရေးအော်ပရေတာကုမ္မဏီဖြစ်လာတယ်။သူလဲစစ်ကောင်စီလက်အောက်မှာဘယ်လိုမှအလုပ်ဆက်လုပ်လို့မရတော့ဘူးထင်တယ်။သူထွက်သွားရင်တော့ပြည်တွင်းဆက်သွယ်ရေးမှာစစ်ကောင်စီလက်အောက်ခံကုမ္မဏီတွေပဲကျန်ခဲ့တော့မှာမို့ဆက်သွယ်ရေးလောကကိုစစ်ကောင်စီကအလုံးစုံထိန်းချုပ်သွားနိုင်လိမ့်မယ်။ တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့မှာပဲပြင်သစ်ရေနံကုမ္မဏီတိုတယ်လဲအပြီးအပိုင်ထွက်ခွာသွားပြီ။နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကြီးတွေတစ်ခုပီးတစ်ခုဆက်တိုက်ဆိုသလိုထွက်လာပြီးနောက်တော့နိုင်ငံဟာလဲခွေးဖြစ်ဖို့ပဲကျန်တော့မယ်။