ဒီရက်ပိုင်းမြန်မာတနိုင်ငံလုံးမှာမြေငလျင်ငယ်လေးတွေမကြာခဏလှုပ်နေတယ်။သတိထားရမယ့်အချက်ဖြစ်ပြီးဒီအချိန်မြေငလျင်ကြီးတစ်ခုသာဖြစ်လာရင်ပြည်သူတွေအတွက်မနှစ်ကဒီအချိန်ကိုဗစ်ဖြစ်ခဲ့သလိုကပ်ဆိုးကြီးတစ်ခုကြောင့်လူတွေသောက်သောက်လဲသေကြလိမ့်မယ်။စစ်ကောင်စီကတော့ဘာမှတာဝန်ယူဆောင်ရွက်ပေးမှာမဟုတ်ဘူး။ ဝါဆိုလမှာငလျင်လှုပ်ရင်မင်းပြောင်းမင်းလွှဲဖြစ်တတ်တယ်လို့မြန်မာအယူအဆမှာရှိတယ်။အခုလောလောဆယ်အင်္ဂလန်မှာဝန်ကြီးချုပ်ပြုတ်ကျသွားပြီးဂျပန်မှာရှင်ဆိုအာဘေးလုပ်ကြံခံရတယ်။သိရိလင်္ကာမှာဆိုလူထုအုံကြွမှုကြောင့်သမ္မတတောင်ထွက်ပြေးနေရပြီ။မြန်မာပြည်ကမင်းအောင်လှိုင်ကတော့အခုချိန်ထိဘာမှမဖြစ်သေးဘူး။မင်းဆိုးမင်းညစ်တွေရဲ့သက်တန်းကရှည်ကြာလွန်းတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


