Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီ၏ အပြောပေါ် သုံးသပ်မိသမျှ

July 11, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းမှ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရေးသည် “မဖြစ်နိုင်စရာ မရှိ” ဟု ပြော၍မရကြောင်း ကောက်ကာငင်ကာ ပြောဆိုလိုက်ပြီ ဖြစ်သည်။

မကြာသေးမီအတောအတွင်းကပင် “ဥပဒေ အထက် မည်သူမျှ မရှိ” ကို ၎င်း၏ပါးစပ်ကပင် ပြောဆိုထား ပြီးဖြစ်သည့်အပြင် နိုင်ငံတော်အတိုင်ပင်ခံအားလည်းနှစ်ပေါင်းရာနှင့်ချီ၍ အကျဉ်းချထားရန် ပြင်ဆင် ထားသူများလည်း ဖြစ်၍ အံ့အားတသင့်ဖြစ်ကုန်ကြသည်ကတော့ အမှန်ပင်။

“နိုင်ငံရေး တွင် မဖြစ်နိုင်စရာ ဘာမျှ မရှိကြောင်း “ နှင့် နိုင်ငံအများအပြားကလည်းထိုသို့ပြောဆိုဆွေးနွေးရန် တိုက်တွန်းနေခဲ့သည်ဟု ဆိုပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး နှင့် လူမှုရေး လိုအပ်ချက်များ အတွက် တောင်းဆိုသမျှကို ဖြည့်ဆည်းပေးထားသည် ဟု AFP သတင်းဌာန၏ မေးမြန်းချက်များကို ဖြေဆိုရာတွင် ထည့်သွင်း ပြောဆိုသွားခဲ့ပြန်သည်။

မည်သူ့စကားမှနားမထောင်တတ်ဘဲ ၎င်းတို့အချင်းချင်းသာ နားထောင်တတ်ကြသော ရေအိုင်ထဲက ဖားသူငယ်လို နေထိုင်ကျင့်ကြံသူများထံမှ ထိုသို့ ပြောဆိုဝန်ခံလာကြပြီ ဖြစ်သည်။ဤသည်မှာလည်း အကြောင်းရှိမည်ဟု ယူဆရသည်။ ၎င်းတို့၏ခေါင်းကိုင် ဖခင်ကြီးအဖြစ် လက်ခံလိုက်ရပြီဖြစ်သော တရုတ် နိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဝမ်ယီသည် မြန်မာသို့ရောက်ရှိလာပြီ ဖြစ်သည်။ဝမ်ယီသည် ထိုကိစ္စအပေါ် ဆွေးနွေးမည့်သဘောရှိပြီးစစ်ခေါင်းဆောင်များအပေါ်တိုက်တွန်းမည့်အလားအလာကိုကြိုတင်သိမြင်ထားသဖြင့်သူပြော၍ဟုအဖြစ် မခံလိုသဖြင့် ကြိုတင်ပြောဆိုထားခြင်းလည်း ဖြစ်နိုင်သည်။ဝမ်ယီ အနေဖြင့် မြန်မာစစ်တပ်သည် တနေ့တခြားကြီးထွားလာနေသော ပြည်သူခုခံတော်လှန်ရေး တပ်ပေါင်းစုကို စစ်ရေး နည်းလမ်းဖြင့် မည်သို့မျှ နှိမ်နှင်းနိုင်မည် မဟုတ်တော့သည်ကိုသိမြင်လာပြီး ဖြစ်သည်။ အခြေအနေများ ရှေ့မတိုးနောက်မဆုတ်ဖြစ်လာပြီး ၎င်းတို့၏ပင်လယ်ထွက်ပေါက်ရှာရေးသည်လည်း ရေစုံမျောတော့မည် ဖြစ်သည်။

အကယ်၍ တော်လှန်ရေးတပ်ပေါင်းစုများဖက်မှ လုံးဝအသာစီးရသွားမည်ဆိုလျှင် တရုတ် တို့အားအမျိုး သားရေးကို သစ္စာဖေါက်ခဲ့သူများ အဖြစ် သတ်မှတ်ထားပြီးဖြစ်၍ ဆက်ဆံရေးအနိမ့်ဆုံးအဆင့်သို့ ထိုးကျ သွားနိုင်ကာ ၎င်းတို့၏ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများလုံးဝ ပျက်ပြယ်သွားတော့မည် ဖြစ်သည်။

ထို့အတွက်တရုတ်မှ ၎င်းတို့၏ဒူးမနာသားများ အာဏာလက်လွှတ်သွားရမည့်အဖြစ်သည် ၎င်းတို့၏အကျိုး စီးပွားနှင့် တိုက်ရိုက်ဆက်နွယ် နေပြီဆိုသည်ကို သတ်မှတ်ထားပြီးဖြစ်သည်။

စစ်ခေါင်းဆောင်များဖက်ကလည်း ၎င်းတို့၏ အဖက်ဖက်မှယိုယွင်းဆုတ်ယုတ်လာနေသော အနေအထားကို မရိပ်စားမိဘဲနေမည်မဟုတ်၊ လိုအပ်လျှင် နိုင်ငံတော်အတိုင်ပင်ခံကို ထွက်ပေါက်အဖြစ် အသုံးချမှရမည်ဟု တွက်ဆထားခဲ့ပြီး ဖြစ်သည်။ စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရအား တန်းတူရည်တူသမား များဟု မည်သို့မျှအသိအမှတ်ပြု၍မဖြစ်ဟု ခံယူထားသဖြင့် ထိုအစားဒေါ်အောင်ဆန်းစုကြည်နှင့်သာပြောဆို ဆွေးနွေးလိုပုံရှိသည်။

သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို အပြီးအပြတ်ချေမှုန်းနိုင်ရေးမဟာဗျူဟာ၏ တစိတ် တပိုင်းအဖြစ်သာ အသုံးချလိုသည်။ သူမနှင့်ငြိမ်းချမ်းရေးဆွေးနွေးသည်ဟုဆိုကာ အရှိန်ရလာနေသော တော်လှန်ရေးတပ်ဦးအား ရပ်တန့်သွားအောင် လုပ်မှဖြစ်တော့မည်ဟုလည်းခံယူလာနိုင်သည်။ ဒေါ်အောင် ဆန်းစုကြည်အားအသုံးချပြီး ငြိမ်းချမ်းရေးရရန် သူမအား အခွင့်အရေးကြီးတခုအဖြစ်ဖန်တီးပေးနေသည့် အပေါ် စောင့်ကြည့်ပေးကြရန်ပြောသည်အထိဖြစ်စေလိုသည်။

သို့ရာတွင် အနောက်တိုင်းတက္ကသိုလ်၏လစ်ဘရယ်ပညာရေးဖြင့် ကြီးပြင်း လူဖြစ်လာသူ ‌ဒေါ်အောင်ဆန်းစု ကြည်မှ ထိုသို့အလွယ်တကူလက်ခံယုံကြည်ပြောဆိုမည်မဟုတ် ဆိုသည်ကိုလည်းသိထားသည်။

ထို့အတွက်အားလုံးမှပြစ်တင် ရှုတ်ချခံရမည်ကိုသိသိကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်၏သဘောထား ပျော့ပြောင်းလာစေရန်ကြိုတင်ပြင်ဆင်သည့်အနေဖြင့် နရသိန်ထောင်ကြီးအတွင်းသို့ပို့လွှတ်ကာ အဆိုး ဝါးဆုံးအနေအထားနှင့် ထိတွေ့ပေးခဲ့ခြင်းလည်းဖြစ်မည်ဟု ယူဆရသည်။ ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော် တို့သေဒဏ်ပေးမည့်အရေးနှင့်လည်း အပေးအယူလုပ်လာနိုင်သည်။

စိတ်ဓါတ်များပြိုလဲလာပြီး သူတို့ပြောလိုသည်များကို အလွယ်တကူလိုက်လျောရန် Just to soften her stance ကိုကနဦးပြင်ဆင်ပေးခြင်းသာ ဖြစ်မည်။ ၎င်းတို့လုပ်ချင်တိုင်းလုပ်၍မရတော့ဆိုသည့် အနေအထား ကိုလည်း ရိပ်စားမိလာကြပြီ ဖြစ်သည်။

နောက်တချက်ကအာဆီယံအထူးသံတမန်မှလည်းမင်းအောင်လှိုင်နှင့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရန် ထပ်မံမေတ္တာရပ်ခံခဲ့ပြီး ထိုသို့အဓိကကျသူများနှင့် တွေ့ဆုံခွင့်မရကမိမိ၏ ခရီးစဉ်သည် မည်သို့မျှအကျိုးထူးလာဖွယ် မရှိကြောင်းလည်း ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်နှင့်အဖွဲ့သည် အာဏာရှင်အချင်းချင်းစာနာတတ်သူများကိုသာနွဲ့ဆိုး ဆိုး၍ရမည်ဖြစ်သော် လည်း ယခုပုံအတိုင်းဆက်သွားမည်ဆိုက ကမ္ဘောဒီယားအပြီးဥက္ကဌရာထူး လက်ခံရဖို့ရှိလာသည့် အင်ဒိုနီရှား နှင့်တွေ့ဆုံရမည်ဆိုလျှင် မည်သို့မျှအခြေအနေမဟန်တော့ဆိုသည်ကို တွက်ဆထားပြီးဖြစ်မည်။

သမ္မတဂျိုကိုဝီသည် ရုရှား နှင့် ယူကရိန်းသမ္မတများနှင့် တွေ့ပြီးငြိမ်းချမ်းရေးအတွက် နားချနိုင်သည့် စွမ်းပကားကိုလည်းသိသွားခဲ့ကြပြီး ဖြစ်သည်။ ယခုအခါ ယူကရိန်းအရေးကို အာရုံစိုက်နေရ၍မြန်မာနှင့် ခေတ္တအဆက်ပြတ်နေခြင်းလည်း ဖြစ်သည်။ထိုသို့သောအခြေအနေများပေါင်းဆုံလာပြီးနောက် ဇော်မင်းထွန်းထံမှ ထိုသို့စကားထွက်လာခြင်းပင် ဖြစ်သည်။

လန်ချန်း-မဲခေါင် မြစ်ဝှမ်းပူးပေါင်းဆောင်ရွက်ရေး ဆိုသည်မှာ ပြည်သူများ၏ ဆန္ဒကို ထင်ဟပ်ခြင်း မရှိ၊ အသိအမှတ်ပြုခံရခြင်းလည်းမရှိသည့် အကြမ်းဖက်စစ်ကောင်စီအား ထည့်သွင်းဆွေးနွေးနေခြင်းသည် ပြည်သူများကိုစော်ကားမှု ဖြစ်ပြီး ၂၀၁၆ မတ်လအတွင်း တရုတ်နိုင်ငံ Sanya တွင် သဘောတူခဲ့သည့်အချက် (၂၆) ချက်ပါ Sanya Declaration ကို ချိုးဖောက်ခြင်းသာဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရမှ တရုတ်နိုင်ငံကို ဦးတည်ကာ ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်လာခဲ့သည်။

ထို့အပြင် စစ်ကောင်စီကိုယ်စားလှယ်အား မည်သည့် အစည်းအဝေးမျိုးကိုမျှတက်ရောက်ခွင့် မပြုဟုသဘော တူထားသည့်ကြားမှ ထိုသို့အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့စည်းဖေါက်လာသည့် အဖြစ်ကိုလည်း ရှုတ်ချပြောဆို သွားခဲ့သည်။

ဘုံရပ်တည်သဘောတူညီချက်ဖြင့် စည်းလုံးညီညွတ်စွာ ဒေသတွင်းပြဿနာများကို ဖြေရှင်းသွားမည်ဟု အမြဲလိုကြွေးကြော်ခဲ့သော အာဆီယံအဖွဲ့ကြီး နှစ်ခြမ်းကွဲသွားပြီ ဖြစ်သည်ကို ကမ္ဘာအားလှစ်ဟပြလိုက်သည့် အဖြစ်သို့ ရောက်ရှိသွားခဲ့ပေပြီ။

ဇော်မင်းထွန်းကလည်း ပြည်သူ့ဆန္ဒကိုလစ်လျူရှုရန် ဝန်မလေးသော အာဏာရှင်ပေါက်စ နိုင်ငံများမှ ကိုယ်စား လှယ်များထိုသို့ရောက်ရှိလာသည့်အဖြစ်အား မိမိတို့အချုပ်အခြာအာဏာနှင့် အစိုးရကို အသိအမှတ် ပြုခြင်းဟု ဂုဏ်ယူပြောဆိုလာနေရသည့် အဖြစ်ကပင် ၎င်းတို့စိတ်ထဲသိမ်ငယ်စိတ်ရှိနေကြသည်ကို ထင်ရှားစွာ ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

လတ်တလောစစ်ရေး သတင်းများအရပဲခူးတိုင်း ကျောက်ကြီးမြို့နယ် အတွင်းရှိ မုန်းမြို့အနီးစစ်ကောင်စီ စခန်းငါးခုအား တော်လှန်ရေး တပ်ပေါင်းစုများက သိမ်းပိုက်နိုင်လိုက်ပြီ ဖြစ်သည်။

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!

 

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

ဆိတ်သုဉ်းလာသောဒီမိုကရေစီနှင့် ပျောက်ကွယ်စပြုလာတဲ့ လူလတ်တန်းစား
သုံးသပ်ချက်များ

ဆိတ်သုဉ်းလာသောဒီမိုကရေစီနှင့် ပျောက်ကွယ်စပြုလာတဲ့ လူလတ်တန်းစား

July 6, 2025

ဆရာမမြကြေးမုံဟာ ဘာအပွင့်အခက်မှမပါတဲ့ အဝါရောင်ထီးလေးတစ်ချောင်း လိုချင်နေသူပါ။ ဆရာမဟာ...

စစ်ကောင်စီ ရွေးကောက်ပွဲ မဟုတ်သည့် အခြားနိုင်ငံရေးထွက်ပေါက် 
သုံးသပ်ချက်များ

စစ်ကောင်စီ ရွေးကောက်ပွဲ မဟုတ်သည့် အခြားနိုင်ငံရေးထွက်ပေါက် 

June 17, 2025

ရွေးကောက်ပွဲပြီးတိုင်း အနှစ် ၃၀ တစ်ကြိမ်ဆိုသလို စစ်အာဏာသိမ်းနေပြီး...

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English