Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူ ၁ သန်းကျော်ရှိ (ကုလအတွင်းရေးမှူးချုပ်ရုံး)

July 7, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

မြန်မာနိုင်ငံ တဝန်းမှာ လက်ရှိ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၁,၀၀၀,၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးနေရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ကလေးငယ် ၄ သန်းကျော်ဟာလည်း စာသင်နှစ် ၂ နှစ် တိတိ ပညာသင်ကြားခွင့် မရဖြစ်နေကြောင်း၊ ကလေးတွေကို တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားခွင့်မှာ အဟန့်အတားတွေ ဖြစ်နေတာဟာဆိုရင် ကလေးလုပ်သား၊ လူကုန်ကူးခံရမှုနဲ့ အရွယ်မတိုင်မီ အိမ်ထောင်ချထားမှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ် ပိုပြီး များလာစေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ လုပ်တဲ့ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သွားလာခွင့် အခက်အခဲနဲ့ ရန်ပုံငွေ မလုံလောက်မှုတွေ အကြီးအကျယ် ရှိနေပေမယ့်လည်း ကုလသမဂ္ဂနဲ့ မိတ်ဖက်တွေက နိုင်ငံတွင်းမှာ ဆက်လက် နေထိုင် ဆောင်ရွက်နေကြောင်း၊ ၂၀၂၂ ခုနှစ် ပထမ ၄ လ အတွင်း လူပေါင်း ၂ ဒသမ ၆ သန်းကို အကူအညီ ပေးအပ်နိုင်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာမှု တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်မှာ ဖော်ပြထားတဲ့ အတိုင်း ကျန်ရှိနေတဲ့ လူပေါင်း ၆ ဒသမ ၂ သန်းကို ကုလသမဂ္ဂ အနေနဲ့ အကူအညီတွေ ပေးအပ်နိုင်ရေးကတော့ ရန်ပုံငွေ ထပ်တိုးရရှိမှု၊ သွားလာခွင့် တိုးတက် ရရှိမှု၊ ပြည်ဝင်ခွင့် ကြန့်ကြာမှု၊ ဘဏ်လုပ်ငန်း အတားအဆီးတွေလို တားမြစ်ကန့်သတ်ချက်တွေကို ဖယ်ရှားပေးမှု အပေါ်မှာ မူတည်တယ်လို့လည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံ အတွက် စာနာမှု အကူအညီ အတွက် ဒေါ်လာ ၈၂၆ သန်း ရရှိရေး ပန်ကြားထားတာမှာ အခုအချိန်ထိ ၁၁ ရာခိုင်နှုန်းသာ ရရှိသေးတာ ဖြစ်ပါတယ်။

Source – VOA

 

 

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English